ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့်တက်နေဖွယ်ရှိသည့်အတွက် ဆင်းရဲမှုအခြေအနေသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ၌ ဖော်ပြ

ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့်တက်နေဖွယ်ရှိသည့်အတွက် ဆင်းရဲမှုအခြေအနေသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ၌ ဖော်ပြ
Published 13 June 2024

ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ် လက်မဲ့နှုန်းများ ဆက်လက်မြင့်တက်နေဖွယ်ရှိ သည့်အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝင်ငွေကျဆင်းမှုနှင့် အိမ်ထောင်စုများ အသုံးစရိတ်ခြွေတာရမှုများကလည်း စားသုံးမှုနှင့် လက်လီရောင်းဝယ်ဖောက်ကားရေး အတွက် အတားအဆီးဖြစ်စေသည်ဟု ဖော်ပြ ထားသည်။

၂၀၂၄ ခုနှစ်အစတွင် နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသည့် အ ခြေအနေတွင် ရောက်ရှိလာသည့်အတွက် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရသော အခြေအ နေသို့ ပြန်လည်ကျရောက်သွားခဲ့သည်။ ထို့ အပြင် ကျန်သုံးပုံတစ်ပုံသော လူဦးရေသည် လည်း ဆင်းရဲသည့်အခြေအနေသို့ ကျရောက် နိုင်ခြေ မြင့်မားသည်။ ထို့ပြင် ဆင်းရဲနွမ်းပါး သည့် အတိုင်းအတာနက်နဲမှုနှင့် ပြင်းထန်မှု သည် ၂၀၁၅ ခုနှစ်တွင် ရှိခဲ့သည့်အနေအ ထားသို့ အလျင်အမြန်ရောက်ရှိလာလျက်ရှိ သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလမတိုင်ခင်ကာလထက် တိုး လာသည့်ဆင်းရဲနွမ်းပါးသူ လူဦးရေမှာ ခုနစ် သန်းရှိသည်။

“နေရပ်စွန်ခွာ ရွှေ့ပြောင်းမှုများ၊ အလုပ်အကိုင်ဆုံးရှုံးမှုများ နှင့် ဝင်ငွေကျဆင်းမှုများ ဖြစ်လာနေခဲ့ပြီး ဆင်းရဲမှု ကျဆင်းရေးအတွက် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့တဲ့ ရလဒ်တွေ အကုန် အလဟဿ ဖြစ်သွားရတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီ ယမ်ရှာမန်က ပြောကြားသည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ စီးပွားရေး လုပ်ငန်းများအပေါ် ဆက်လက်ဖိစီးနေမည် ဖြစ်ကြောင်း၊ အဆိုပါဖိအားများက အိမ် ထောင်စုများအပေါ် အကျပ်အတည်းများ ဆက်လက်တွေ့နိုင်ဖွယ်ရှိကြောင်းအ စီရင်ခံ စာတွင် ဖော်ပြထားသည်။

ယင်းကြောင့် အိမ်ထောင်စုများအနေ ဖြင့် ၎င်းတို့၏ ဝယ်လိုအား၊ သုံးစွဲနိုင်အားများ ကျဆင်းသွားကြောင်း သိရသည်။

အထူးသဖြင့် လုပ်သားအင်အားပြတ် တောက်မှု၊ လုပ်သားအင်အား လျော့နည်းလာ မှုနှင့် လုပ်အားခဝင်ငွေများ ကျဆင်းလာမှုတို့ က အိမ်ထောင်စုများအပေါ် ဆက်လက်သက် ရောက်နေမည်ဖြစ်ကြောင်းလည်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။

သို့သော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်လာသည့်အခြေအနေများကို တွေ့ မြင်ရကြောင်း၊ သွင်းအားစုများကို အမြောက် အမြားသုံးစွဲလာနိုင်ခြင်းကြောင့် ကုန်ထုတ် လုပ်မှု အနည်းငယ်တိုးတက်လာနိုင်ခြေရှိသ ဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အသက်ရှူချောင် မည့်အလားအလာများကို မြင်တွေ့ရကြောင်း လည်း သိရသည်။

အထက်ပါအခြေအနေများကြောင့် မြန် မာပြည်သူများအပေါ် ဆင်းရဲမွဲတေမှု၊ ဖိစီး မှုများမှာ ပိုများလာကြောင်း၊ အထူးသဖြင့် အိမ်ထောင်စုများမှာ အကျပ်အတည်းများကို တောင့်ခံနေရသည့်အခြေအနေဖြစ် ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲ မွဲတေမှုမျဉ်းအောက် ရောက်သွားကြောင်း၊ အဆိုပါအခြေအနေများမှာ ၂၀၂၅ အထိ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

အသက်မွေးမှု စီးပွားရေးလုပ်ငန်းများ အပေါ် သက်ရောက်မှု ပိုမိုနက်နဲလာသည့်အ တွက် မြန်မာ့စီးပွားရေး ဆက်လက်အားနည်း နေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

Most Read

Most Recent