ရန်ကုန်မြို့ရှိ စက်သုံးဆီ ဆိုင်အချို့တွင် ဒီဇယ်ဆီအချို့ ရောင်းချနိုင်ခြင်းမရှိဘဲ စက်မှုလုပ်ငန်းများအတွက် ဒီဇယ်ဆီအခက်အခဲဖြစ်နေ

ရန်ကုန်မြို့ရှိ စက်သုံးဆီ ဆိုင်အချို့တွင် ဒီဇယ်ဆီအချို့ ရောင်းချနိုင်ခြင်းမရှိဘဲ စက်မှုလုပ်ငန်းများအတွက် ဒီဇယ်ဆီအခက်အခဲဖြစ်နေ
Published 10 August 2024

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဒီဇယ်ဆီအချို့ ရောင်းချနိုင်ခြင်းမရှိဘဲ စက်မှုလုပ်ငန်းများအတွက် ဒီဇယ်ဆီအခက်အခဲ ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်း အချို့ထံမှ သိရသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်မှ စတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ဒီဇယ် ဆီ ဝယ်ယူနိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူအ ချို့ထံမှ သိရသည်။

“ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက တချို့ဆိုင်တွေမှာ ဝယ်လို့မရတော့ဘူး။ တ ချို့ဆိုင်တွေမှာက ပရီမီယံရှိရင် ရိုးရိုးဒီဇယ်မ ရှိဘူး။ တချို့ဆိုင်တွေမှာ နှစ်မျိုးလုံးမရှိဘူး။ ကုမ္ပဏီကားတွေကျတော့ ဒီဇယ်တွေများ တယ်။ ဒီဇယ်ဝယ်မရတော့ တချို့အရောင်း ကားတွေက ထွက်လို့မရတော့ဘူး။ ဓာတ်ဆီ ကားတွေလောက်ပဲ ထွက်လို့ရတော့တယ်”  ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။

အလားတူ အချို့သော စက်မှုလုပ်ငန်း များတွင်လည်း ဒီဇယ်ဆီဝယ်မရသဖြင့် လုပ် ငန်းလည်ပတ်ရာတွင်အခက်အခဲများ တွေ့ နေရသည်ဟု လုပ်ငန်းရှင်အချို့က ပြောကြား သည်။

“ မီးက လာတစ်ချက်မလာတစ်ချက်ဆို တော့ မီးစက်မောင်းဖို့ ဒီဇယ်ဆီလိုက်ဝယ်တာ ဒီနေ့ (သြဂုတ် ၁၀ ရက်) ဝယ်လို့မရဘူး။ မီး စက်ကလည်း မမောင်းလို့မရတော့ ဒီဇယ်ရှိ တဲ့ သူဆီကဝယ်လိုက်ရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ ကုန်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

မီးစက်ဖြင့်လုပ်ကိုင်လျက်ရှိသည့် စက်မှု လုပ်ငန်းများတွင်လည်း ဒီဇယ်ဆီဝယ်ယူမရ သည့်အခက်အခဲများ တွေ့နေရသဖြင့် လုပ် ငန်းလည်ပတ်ရန် ခက်ခဲလျက်ရှိသည်ဟု သိရ သည်။

သြဂုတ်လဆန်းပိုင်းတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် စက်သုံးဆီဆိုင်အချို့ ဆီ ရောင်းချခြင်းမပြုနိုင်ဘဲ ဆိုင်အချို့၌ တန်းစီ စောင့်ဆိုင်းပြီး ဝယ်ယူခဲ့ရကြောင်း မြို့ခံများ ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်မြို့ရှိ စက်သုံး ဆီဆိုင်အချို့တွင် ယခင်ကဲ့သို့ ဆီပြတ်လတ် ခြင်းမရှိသော်လည်း အနည်းငယ်တန်းစီ စောင့်ဆိုင်းနေရသည်ဟု ရန်ကုန်မြို့ရှိ မော် တော်ယာဉ်မောင်းနှင်သူအချို့က ပြောကြား သည်။

ကောလာဟလ သတင်းများနှင့် မီဒီယာ တချို့၏ သတင်းမှားများဖြင့် ၀ါဒဖြန့်ချိမှု ကြောင့် ရန်ကုန်မြို့အပါ အဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သာမန်မ ဟုတ်ဘဲ ဝယ်လိုအား အထူးမြင့်တက်ခဲ့ ကြောင်း၊ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင် ကားများဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန် ထက် ပိုကြန့်ကြာခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက် သုံးဆီပြတ်လပ်မှုများကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းက သြဂုတ် ၁ ရက် မွန်းလွဲ ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ် ပိုမိုမြင့်တက်လာ ခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အခြေ အနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာ သူအများစုသည် မြို့ကြီးများ‌သို့ ရောက်ရှိလာ သည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း၊ သီလဝါရှိ စက် သုံးဆီသိုလှောင်ကန်များတွင်လည်း စက်သုံး ဆီလုံလောက်စွာရှိသည့်အပြင် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများ လည်း စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိ ကြောင်း၊ အသင်းအနေဖြင့် စက်သုံးဆီ ပိုမို လျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက်များ ကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည် ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း စက်သုံးဆီအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent