ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလှိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းသုံးလိုင်းအား ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်၍ မြို့နယ် ၁၅ မြို့နယ်၌ ယာယီဓာတ်အား ပြတ်တောက်မည်

ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလှိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းသုံးလိုင်းအား ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်၍ မြို့နယ် ၁၅ မြို့နယ်၌ ယာယီဓာတ်အား ပြတ်တောက်မည်
Published 12 July 2024

ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလှိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းသုံးလိုင်းအား ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်၍ မြို့နယ် ၁၅ မြို့နယ်၌ ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်အထိ ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ ၅ဝဝကေဗွီ၊ ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလှိုင်း တည်‌ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်းသော ၂၃၀ ကေဗွီ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနှင့် မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းတို့အား ဇူလိုင် ၁၂ ရက်မှ ဇူလိုင် ၁၅ ရက်ထိ နေ့စဉ်နံနက် နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂၃၀ ကေဗွီ လှိုင်သာယာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ မြောင်းတကာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ အနောက်ပိုင်းတက္ကသိုလ်ခွဲရုံနှင့် ၂၃၀ ကေဗွီ ကနောင်ပင်မခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဖီဒါများအား ဝန်အားထိန်းညှိဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များ၏ နေရာအချို့တို့တွင်  ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

Most Read

Most Recent