မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းဟောင်းမှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာခွင့်ရသော်လည်း လမ်းဂိတ်ကြေးများကြောင့် အခက်ကြုံနေဟုဆို

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းဟောင်းမှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာခွင့်ရသော်လည်း လမ်းဂိတ်ကြေးများကြောင့် အခက်ကြုံနေဟုဆို
Published 6 June 2024

မြဝတီ- ကော့ကရိတ် ဒေါနတောင် ကျော် လမ်းဟောင်းမှ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ သွားလာခွင့်ရသော် လည်း လမ်းဂိတ်ကြေးများပြားခြင်းကြောင့် အခက်ကြုံနေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ကော့ကရိတ်တိုက်ပွဲပြီးနောက် ဒေါန တောင်ကျော် အာရှလမ်းသစ်နှင့် လမ်း ဟောင်းတို့မှ သွားလာခွင့်မရဘဲ ယခင်လမ်း ဟောင်းတစ်ခုဖြစ်သော ထို့ကော်ကိုးလမ်း၊ယခုနှစ်ဖောက်လုပ်ထားသော ကြက်ဥတောင် လမ်း၊ ၁၀၁၈ လမ်းတို့မှ သွားလာခဲ့ကြသော် လည်း မိုးရက်ဆက်ရွာသွန်း လာခြင်းကြောင့် သွားလာရခက်ခဲကာ ကုန်သွယ်ယာဉ်များ အတွက် တောင်ပေါ်လမ်းဟောင်းကို ဇွန်လ ဆန်းကပင် အသုံးပြုသွားလာနေကြကြောင်း သိရသည်။

သို့သော်လည်း ကုန်တင်ယာဉ်များ၏ဂိတ်ကြေးကုန်ကျစရိတ်မှာ သိန်းဆယ်ဂဏန်း အထက်မှာရှိပြီး မြဝတီ -မော်လမြိုင် probox ယာဉ်ငယ်များပင် အသွားအပြန်ကျပ်သုံးသိန်း ကုန်ကျပြီး မြဝတီမှ အသွားခရီးသည် တင် ဆောင်ခွင့်ရသော်လည်း မြဝတီသို့အပြန်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်ခွင့် မရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောကြား သည်။

“ကားခ ကတော့ မော်လမြိုင်ကိုရော၊ ဘားအံကိုပါ တစ်သိန်းခွဲပါ၊မြဝတီကဆင်းရင်း လူတင်ခွင့်ရပေမဲ့ မြဝတီ ပြန်ရင်တော့ ယာဉ် မောင်းအပြင် နောက်ထပ်တစ်ဦးသာ လိုက်ပါ ခွင့် ပြုထားပါတယ်။ ကုန်ကားတွေလည်း ခါလီပဲ ပေးတက်ပါတယ်” ဟု မြဝတီမော်လ မြိုင် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အခြား မြဝတီ-ရန်ကုန် ခရီးသည် ပို့ ဆောင်ရေးမော်တော်ယာဉ်ဂိတ် အချို့ပိတ် ထားဆဲဖြစ်ပြီး အချို့သော ယာဉ်လိုင်းများမှာ မြဝတီ-ထို့ကော်ကိုးခရီးစဉ်အတွက် ၄ျွှ့နနူ ပါသောကား များဖြင့် ထို့ကော်ကိုးလမ်း၊ကြက် ဥတောင်လမ်းနှင့် ၁၀၁၈ လမ်းတို့မှပို့ဆောင် ကြပြီး မြဝတီ-ရန်ကုန် ခရီးစဉ်အတွက် လူ တစ်ဦးကို ကျပ် ၁၂၀၀၀၀ မှ ကျပ်၂၀၀၀၀၀ ကျော်အထိ ပေးဆောင်ရကြောင်း သိရသည်။

“ညီမ ရန်ကုန်က မြဝတီထိ လာတာ ကား ကျပ် ၂၂၀၀၀၀ ကုန်ကျခဲ့ပါတယ်။ကား အတန်တန်စီးရသလို တောင်ပေါ်မှာလည်း သုံးနေရာ လမ်းလျှောက်ခဲ့ရပါတယ်။တော်ရုံ တန်ရုံကိစ္စနဲ့တော့ ဒီခရီးကို မသွားသင့်ပါ ဘူး”ဟု ရန်ကုန်မှ မြဝတီသို့ပြန်လာသူအမျိုး သမီးတစ်ဦးက ပြောကြားသည်။

မြဝတီ နယ်စပ်ကုန်စည်ပို့ဆောင်ရေးယာဉ်များမှာ  တောင်ပေါ်လမ်းဟောင်းတွင် သတ်မှတ်လမ်းဂိတ်ကြေးပေးဆောင်ပြီး သွား လာခွင့်ရသလို ပြည်တွင်းစျေးကွက်သို့သယ် ဆောင်ရန် တရားဝင်အခွန်ဆောင်ပြီး တင် သွင်းလျက်ရှိကြောင်းသိရသည်။

Most Read

Most Recent