မိုးကုတ်မြို့နယ် မြို့မရပ်ကွက်အတွင်း TNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ

မိုးကုတ်မြို့နယ် မြို့မရပ်ကွက်အတွင်း TNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ
မိုးကုတ်မြို့ မြင်ကွင်းအား အပေါ်စီးမှ တွေ့ရစဉ်
မိုးကုတ်မြို့ မြင်ကွင်းအား အပေါ်စီးမှ တွေ့ရစဉ်
Published 17 July 2024

မိုးကုတ်မြို့နယ် မြို့မရပ်ကွက်အတွင်း TNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အထိ မန္တ လေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မြို့မရပ် ကွက်အတွင်းသို့TNLA အဖွဲ့နှင့် PDF ပူး ပေါင်းအဖွဲ့တို့က ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရပ်ကွက်အတွင်း ရှော့ တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်ရှိ လူနေအိမ်နှစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး  ‘မစိုးရိမ်’ ဘုန်းကြီးကျောင်း တိုက်မှ စာသင်သံဃာတော် ဥူးမာနိတတွင် ရှော့တိုက်ဒုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ကလည်း မလှိုင် မြို့နယ် လယ်ဗျားကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် သံဃာတစ်ပါး သေနတ်ဖြင့်ပစ် သတ်ခံရကြောင်း သိရသည်။

ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မန္တ လေးတိုင်းဒေသကြီး မလှိုင်မြို့နယ် လယ်ဗျား ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သံဃာ တော်တစ်ပါး ပျံလွန်တော်မူကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါကျေးရွာရှိ ]မင်းကျောင်း}ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော်ဖြစ်သူ ဘဒ္ဒန္တကောမလ (ခ)ဦးကျော်ရွှေ (၅၀ နှစ်) (၃၀ ၀ါ) သည် ဘုန်း ကြီးကျောင်းအတွင်းရှိနေစဉ် PDF ငါးဦး (စိ စစ်ဆဲ) က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာ ပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဘဒ္ဒန္တကောမလ (ခ) ဦးကျော်ရွှေတွင် ကျည်ထိ မှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက်ကလည်း မြင်း ခြံမြို့နယ် မြင်းခြံ-မကျီးသမျှားသွား ကားလမ်း ပေါ်တွင် PDF များ၏ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ သံဃာတော်တစ်ပါး ပျံလွန်တော် မူခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇွန် ၂၃ ရက် နံနက်ပိုင်းက မြင်းခြံမြို့ နယ်၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ မြင်းခြံမြို့နယ် မကျီးသမျှားကျေးရွာ၏ မြောက် ဘက် မြင်းခြံ-မကျီးသမျှားသွားကားလမ်းတွင် မော်တော်ယာဉ်တစ်စီးအား PDF  များက ပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ကြောင်း သ တင်းအရ အခင်းဖြစ်ရာသို့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည် သူ့စစ်အဖွဲ့များ ပါဝင်သော လုံခြုံရေးပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်တွင် မြင်းခြံမြို့နယ်၊ စခမ ကျေးရွာ မြတ်ပုညပရဟိတအသင်း တံဆိပ်ပါ NOAX  ခဲရောင်(နံပါတ်မပါ) မော်တော်ယာဉ် ပေါ်၌ မြင်းခြံမြို့နယ် စခမကျေးရွာ ရွာဦး ကျောင်းမှ လက်ထောက်ကျောင်းထိုင် ဆရာ တော် ဘဒ္ဒန္တ ဥတ္တမ သက်တော် (၅၀)၊ ၀ါတော် (၁၂)၀ါ တွင် ဝဲနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဂျိုစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာနောက်ကျော ကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက်တို့ဖြင့် ပျံလွန်တော်မူနေသည် ကို တွေ့ရှိရပြီး ၎င်းင်းကျေးရွာနေ ဦးအောင်မျိုး သောင်းတွင် ဒဏ်ရာများရရှိနေသည်ကို တွေ့ ရှိရကာ မော်တော်ယာဉ်၏ အမိုးပေါ်တွင် လုံ ခြုံရေးမီးတန်းပုံစံပါရှိသဖြင့် လုံခြုံရေးယာဉ် အဖြစ် မှားယွင်းပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း နစက က ထုတ်ပြန်သည်။

          အဆိုပါ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇွန် ၂၂ ရက် ည ၁၀ နာရီခန့်တွင် စခမကျေးရွာနေ မဝင့်ဝါအေးသည် ဗိုက်အောင့်ဝေဒနာ ခံစား နေရသည့်အတွက် စခမကျေးရွာ မြတ်ပုညပရ ဟိတအသင်းယာဉ်ဖြင့် ဘဒ္ဒန္တဥတ္တမမှ မောင်း နှင်ပြီး အဖော်အဖြစ် ဦးအောင်မျိုးသောင်း အား ခေါ်ဆောင်၍ ထွက်လာခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

          ထို့နောက် မဝင့်ဝါအေး အား မြင်းခြံမြို့ အမှတ် (၇)ရပ်ကွက်ရှိ ဖခင်ဖြစ်သူ ဦးအေး သောင်းနေအိမ်သို့ပို့ဆောင်၍ စခမကျေးရွာ သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ မြင်းခြံ-မကျီး သမျှားသွား ကားလမ်း ဖြစ်စဉ်နေရာအနီးအ ရောက်တွင် PDF များက လက်နက်ငယ်များ ဖြင့် ၀ိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပစ် ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဦးအောင် မျိုးသောင်းက ပြောဆိုခဲ့ကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

     ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းခြံမြို့ တစ်ဝိုက်တွင် လှုပ်ရှားနေသည့် Myin Gyan Black Tiger အမည်ရှိ PDF အဖွဲ့တစ်ဖွဲ့က ၎င်းင်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အ ထက်ပါဖြစ်စဉ်သည် ၎င်းင်းတို့နှင့်သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထုတ်ပြန်ထားသည်ကို တွေ့ရသည်။

          ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တွင် အကြောင်းအမျိုးမျိုးစွပ်စွဲချက်ဖြင့် PDF များက လုပ်ကြံသတ်ဖြတ်ခဲ့သည် သံဃာတော် အပါး ၁၄၀ ခန့်ရှိပြီဖြစ်သည်။

Most Read

Most Recent