မြန်မာ  နိုင်ငံသို့ တရုတ်အစိုးရက ကူညီ ထောက်ပံ့သော ကင်းလှည့် ရေယာဉ်ခြောက်စီး လွှဲပြောင်း ပေးအပ်

မြန်မာ  နိုင်ငံသို့ တရုတ်အစိုးရက ကူညီ ထောက်ပံ့သော ကင်းလှည့် ရေယာဉ်ခြောက်စီး လွှဲပြောင်း ပေးအပ်
Photo တရုတ်သံရုံး
Photo တရုတ်သံရုံး
Published 11 June 2024

 မြန်မာ နိုင်ငံသို့ တရုတ် နိုင်ငံအစိုးရက ကူညီထောက်ပံ့သော ကင်းလှည့် ရေယာဉ် ခြောက်စီးကို ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့၌ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာ နိုင်ငံ အစိုးရက တရုတ် နိုင်ငံထံသို့ တရားဝင် အဆိုပြုခဲ့ပြီး နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါ စီမံကိန်း၏ လဲလှယ်မှု စာလွှာကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

ယင်းစီမံကိန်းအတွက်  တရုတ် နိုင်ငံဘက်မှ ဖော်ဆောင်သည့်ကုမ္ပဏီသည် ကပ်ရောဂါ စသည့်အခက်အခဲများကို ကျော်လွှားပြီး ရေယာဉ်များကို အချိန်မီ ထုတ်လုပ်ပို့ဆောင်ပေးခဲ့ကြောင်း၊  အဆိုပါ ကင်းလှည့်ရေယာဉ်များသည် မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ် ကာကွယ် အသုံးချမှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက် ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် နက်ရှိုင်းစွာတိုက်ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခြင်းအား တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုအရသိရသည်။

 

Most Read

Most Recent