၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ၆၂ သိန်းကျော်ရှိ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ၆၂ သိန်းကျော်ရှိ
ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် မေ ၂၃ ရက်က ကျောင်းအပ်နှံနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထွန်း)
ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် မေ ၂၃ ရက်က ကျောင်းအပ်နှံနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထွန်း)
Published 2 June 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံ သူ ၆၂ သိန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက် တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလ တန်းအဆင့်ကျောင်းများကို မေ ၂၃ ရက်မှစ ၍ ကျောင်းသား ကျောင်းသူများအား ကျောင်း အပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇွန် ၁ ရက်အ ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ၌ ကျောင်းအပ်နှံသူ ၆၂၇၅၆၉၁ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထ မဆုံးရက်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦးရှိခဲ့သည်။

ကျောင်းအပ်ရာ၌ ကျောင်းသား၊ ကျောင်း သူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများ နှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါ တည်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-1 rS Grade-12 အထိ အတန်းများအား လုံး ကျောင်းအပ်နှံမှုကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ၃ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာ ကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီး သီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် မိဘ၊ အုပ်ထိန်း သူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ် နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အား ပေးအပ်ခြင်းမပြုပါရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ် ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက် ပါရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအ ကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များနှင့် ပူးပေါင်းဆောင်ရွက်ပါရန်၊ ကျောင်း ထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက် လက် ပညာသင်ယူနိုင်ရေးအတွက် ကျောင်း အုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်၊ မူးယစ်ဆေးဝါးတား ဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်း ဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မ လာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံ သို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင် ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူး ပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ် ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြပါရန်အတွက် ပူး ပေါင်းဆောင်ရွက်ရန် စသည့်အချက်များအား လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ခဲ့သည်။

Most Read

Most Recent