■ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လာရောက် ဖူးမြော်ခွင့်ကို ဇွန် ၂၁ ရက်မှစ၍ အချိန်တိုးမြှင့် သတ်မှတ်မည်

■ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လာရောက် ဖူးမြော်ခွင့်ကို ဇွန် ၂၁ ရက်မှစ၍ အချိန်တိုးမြှင့် သတ်မှတ်မည်
■ ဓါတ်ပုံ - ကြည်နိုင်
■ ဓါတ်ပုံ - ကြည်နိုင်
Published 11 June 2024

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုခွင့်ကို ဇွန် ၂၁ ရက်မှစ၍ အချိန်တိုးမြှင့် သတ်မှတ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အသိပေး ကြေညာသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ရန် ဇွန် ၂၁ ရက်မှစ၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က ဆိုသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခွင့်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

 

Most Read

Most Recent