သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစားလူဦးရေ ထက်ဝက်ခန့် ကျဆင်းသွားပြီး လူဦးရေ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း UNDP ထုတ်ပြန်ချက်တွင် ဖော်ပြ

သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစားလူဦးရေ ထက်ဝက်ခန့် ကျဆင်းသွားပြီး လူဦးရေ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း UNDP ထုတ်ပြန်ချက်တွင် ဖော်ပြ
ထိန်ပင်အမှိုက်ပုံတွင် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေသူအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ထိန်ပင်အမှိုက်ပုံတွင် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေသူအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 25 June 2024

သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစား လူဦးရေ ထက်ဝက်ခန့် ကျဆင်းသွားပြီး လူဦးရေ ၄၂ သန်းသည် ဆင်းရဲ မွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဇွန် ၂၄ ရက် တွင် ထုတ်ပြန်သည်။

UNDP ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းခြေ အားဖြင့် လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှု ကို ရင်ဆိုင်နေရပြီး ဆင်းရဲမွဲတေမှု အန္တရာယ် နှင့် နီးစပ်နေကြောင်းနှင့် လူပေါင်း ၁၃ ဒသ မ ၃ သန်းသည် စားနပ်ရိက္ခာမလုံ လောက်မှု ကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ကုလသမဂ္ဂမှတစ်ဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ရာခိုင်နှုန်း ၄၀ ကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနမှုဆိုင်ရာ တုံ့ပြန်ရေးအစီအ စဉ်များသည်လည်း ရန်ပုံငွေမလုံလောက်ဘဲ ရှိနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

သို့သော် UNDP အနေဖြင့် လူဦးရေ နှစ်သန်းကျော်ကို ကူညီခဲ့ပြီး လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူဦးရေ ရှစ်သန်းအထိ ရောက် ရှိကူညီနိုင်ရန် ရည်မှန်းထားကြောင်း ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ချည်းကပ်ပုံ ပြောင်းလဲထားပြီး လုပ်အားအတွက် ငွေသားပေးအပ်ထောက် ပံ့ခြင်း၊ လယ်ယာကဏ္ဍမြှင့်တင်ရာတွင် ဒေသခံ တောင်သူလယ်သမားများအတွက် အထောက် အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ လတ်တလောလိုအပ်ချက် များကို ဖြေရှင်းရန်လုပ်ဆောင်နေကြောင်း UNDP က ဆိုသည်။

ထို့အတူ ရပ်ရွာမှ ဦးဆောင်သည့် ချဉ်း ကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာလက်လှမ်း မီမှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်း ရန် ပြည်တွင်းအဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်လည်း ကမ္ဘာ့ ဘဏ်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ ပြီး ယင်းအစီရင်ခံစာထဲတွင် ၂၀၂၄ ခုနှစ်အစ ၌ မြန်မာနိုင်ငံ၏ လူဦးရေ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသည့်အခြေအနေတွင် ရောက် လာသည့်အတွက် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ ရသောအခြေအနေသို့ ပြန်လည်ကျရောက် သွားကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျန်သုံးပုံတစ်ပုံသော လူဦးရေ သည်လည်း ဆင်းရဲသည့် အခြေအနေသို့ ကျ ရောက်နိုင်ခြေ မြင့်မားနေကြောင်းနှင့် ဆင်း ရဲနွမ်းပါးသည့် အတိုင်းအတာ နက်နဲမှုနှင့်ပြင်း ထန်မှုသည် ၂၀၁၅ ခုနှစ်တွင် ရှိခဲ့သည့် အနေ အထားသို့ အလျင်အမြန် ရောက်ရှိလျက်ရှိ ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ကပ်ရော ဂါကာလမတိုင်မီကာလထက် ဆင်းရဲနွမ်းပါး သူ လူဦးရေ ခုနစ်သန်း တိုးလာကြောင်း ကမ္ဘာ့ ဘဏ်က ဆိုသည်။

Most Read

Most Recent