ကျောက်ဆည်မြို့နယ်တွင် ကျပ် ဘီလျံ ၁၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀၀ ဖမ်းဆီးရမိ

ကျောက်ဆည်မြို့နယ်တွင် ကျပ် ဘီလျံ ၁၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀၀ ဖမ်းဆီးရမိ
Published 7 May 2024
သက်ထွန်းအောင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်တွင် ဆီဘောက်ဆာယာဉ်၏ ဆီများ ထည့်သည့် အကန့်နှစ်ကန့်အတွင်းမှ ကျပ်ဘီလျံ ၁၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တ မင်း) ၅၀၀၀ ကီလို (ငါးတန်) သိမ်းဆည်းရမိခဲ့ ကြောင်း CCDAC Myanmar ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် မေ ၁ ရက် ည ၈ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ် ရွာငံ-ဟန်မြင့်မိုရ်သွားကား လမ်း သံရွာအနီးတွင် ရွာငံဘက်မှ ကျောက် ဆည်မြို့ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် nissan diesel  ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ရှာဖွေစစ်ဆေးနေစဉ် ၎င်းင်းတို့ နှစ် ဦးသည် ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသော ကြောင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်း မင်းခိုင်တွင် သေနတ်ဒဏ်ရာတစ်ချက်ရရှိကာ ၎င်းင်းတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ဆီဘောက်ဆာယာဉ်၏ ဆီများထည့် သည့် အကန့်နှစ်ကန့်အတွင်းမှ ဒေသကာလ တန်ဖိုး ကျပ် ဘီလျံ ၁၀၀ ရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၅၀၀၀ ကီလို (ငါးတန်)သိမ်း ဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက် တမင်း) များကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေ ကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

အိုက်စ် (မက်သ်အဖက်တမင်း) များ သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ ကို ဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။