ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် မြန်မာနှစ်သစ်ကူး ဓမ္မသဘင် သုံးရက်ကြာ ကျင်းပမည်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် မြန်မာနှစ်သစ်ကူး ဓမ္မသဘင် သုံးရက်ကြာ ကျင်းပမည်
Published 14 April 2024

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် မြန်မာနှစ်သစ်ကူး ဓမ္မသဘင်ကို ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်၊ ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့မှ စတင်၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားဓမ္မသဘင်တွင် မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီ ၁၇ ရက်) တွင် နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ဟောကြားမည်ဖြစ်သည်။

ထို့ပြင် မြန်မာနှစ်ဆန်းနှစ်ရက်(ဧပြီ ၁၈ ရက်)တွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ၊  ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊  သာသနတက္ကသီလဓမ္မာစရိယ၊ မဇ္ဈိမဂုဏ်ရည် မဟာစည် သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာန နာယကဆရာတော်ဒေါက်တာ ဘဒ္ဒန္တကောဝိဒက ဟောကြားမည်ဖြစ်သည်။

ထို့အတူ မြန်မာနှစ်ဆန်းသုံးရက်(ဧပြီ ၁၉ ရက်)တွင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ (၇၇)ပဓာန နာယက ပြည်တွင်းပြည်ပ ကမ္ဘာဗုဒ္ဓသာသနာပြု၊ မဟာကမ္မဋ္ဌာနစရိယ၊  အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမဂ်လ သဒ္ဓမ္မဇောတိကဓဇ၊ ဝိဇ္ဇကာသီ သီရိကမ္မဋ္ဌာနာစရိယ(သီရိလက်ာနိုင်ငံ) အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရက ဟောကြားမည်ဖြစ်သည်။

တရားဓမ္မသဘင်များကို နေ့စဉ် ည(၇) နာရီအချိန်တွင် ကျင်းပ၍ ဆရာတော်ကြီးများက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးဟောကြားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent