ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ်ခြိမ်းခြောက်အကျပ်ကိုင်၍ ငွေကြေးရယူအမြတ်ထုတ်လိုသည့် အကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ကို အရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးရန်နစကဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ်ခြိမ်းခြောက်အကျပ်ကိုင်၍ ငွေကြေးရယူအမြတ်ထုတ်လိုသည့် အကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ကို အရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးရန်နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 4 April 2024

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပ ဒေတို့အား မသိနားမလည်သူများအပေါ် ခြိမ်းခြောက်အကျပ်ကိုင်၍ ငွေကြေး ရယူအ မြတ်ထုတ်လိုသည့် အကျင့်ပျက်ဝန်ထမ်းအ ချို့နှင့် အဖွဲ့အစည်းအချို့ကိုအရေးယူနိုင် ရေး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းက ပြောကြားသည်။

ဧပြီ ၂ ရက်က တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ အောင် ဆန်းခန်းမ၌ ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်း များနှင့် တွေ့ဆုံအမှာစကားပြောကြားရာ တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စစ်ဘက်ခေါင်းဆောင် တစ်ဦးအနေဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျင့်ကြံရန်လိုအပ်မှု၊ ကျော သားရင်သားမခွဲခြားဘဲ တပ်မှူးကောင်းသ ဖွယ်စိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ် ထားရှိမှုကို အခြေအနေအချိန်အခါနှင့် နေရာဒေသအလိုက် ဆောင်ရွက်တတ်ရန် လိုအပ်မှု၊ တပ်တိုင်း၊ ရဲဘော်တိုင်းရှိရမည့် အခြေခံအရည်အချင်း ငါးပါး ပြည့်စုံရန် လို အပ်မှုနှင့် တပ်မတော်၏ အစဉ်အလာ ၁၂ ရပ် ကို ဆက်လက်ထိန်းသိမ်းလိုက်နာရန် လို အပ်မှုများကို အကျယ်တဝင့်ဆွေးနွေးပြော ကြားပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် နှင့် ၁၃ ရက်တို့တွင် လိုအပ်ချက်အရ ဒို့တာ ဝန်အရေးသုံးပါးအား ကာကွယ်စောင့် ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံ ရေးဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအ နေများအပေါ်မူတည်၍ ၂၀၁၀ ပြည့်နှစ် နို ဝင်ဘာ ၄ ရက်တွင် ဥပဒေရေးသားပြီး အ တည်မပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ နှင့် အရန်တပ်ဖွဲ့ဥပဒေတို့နှင့်ပတ်သက်၍ အာဏာတည်သက်ဝင်စေမှုအခြေအနေနှင့် အဆိုပါဥပဒေများကို ကျေညက်အောင် လေ့လာမှတ်သား၍ တာဝန်ကျရာဒေသအ သီးသီးတွင် ရှိကြချိန်တွင် သတ်မှတ်ချက်အကျုံးဝင်သူပုဂ္ဂိုလ်များနှင့် ဆက်နွှယ်ကြသည့် မိသားစုဆွေမျိုးအသိုင်းအဝိုင်းပါ သိရှိနားလည်သဘောပေါက်အောင်အသိပေးရန် လိုအပ်မှုအခြေအနေ၊ ထိုသို့ဆောင်ရွက်ပေး ခြင်းသည်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင် ငံပိုင်မီဒီယာများ၊ ရုပ်သံလွှင့်နှင့် ရေဒီယိုအစီ အစဉ်များအပါအဝင် သတင်းစာများမှ တစ်ဆင့် အသိပေးအကြောင်းကြားနေသော် လည်း ဥပဒေနှင့်နည်းဥပဒေပါ အချက်အ လက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာ၊ မသိရှိ၍ လက်နက်ကိုင်အကြမ်း ဖက်အဖွဲ့အစည်း အသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှုအပေါ် ဥပဒေမဲ့ လိုက်ပါလုပ်ဆောင်ခဲ့မိပါက မိမိကိုယ်ပိုင် ဘဝ၊ မိသားစုဘဝတို့သည်လည်း အကြောင်း မဲ့တောထဲ၊ တောင်ထဲတွင် စတေးခံကြရမည့် အဖြစ်ဆိုးများမှလည်း ကယ်တင်နိုင်မည်ဖြစ် ၍ အသိနှင့်ယှဉ်ပြီး ပြောဆိုစည်းရုံးကြရန် တိုက်တွန်းလိုကြောင်း၊ ထို့ပြင် ထုတ်ပြန်ထား သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပ ဒေတို့ကို မသိနားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့်အခြားအခွင့်အ ရေးများ ရယူအမြတ်ထုတ်လိုသည့် အောက် ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့ နှင့်အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ် ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အ ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နည်း ပြအရာရှိများ၊ သင်တန်းသားများနှင့် တာ ဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

 

----------

 

 

 

 

Most Read

Most Recent