၂၀၂၃ ခုနှစ်အတွင်း ပုဂံညောင်ဦးခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်ပြီး ဟိုတယ်တည်းခိုရိပ်သာများတွင် တည်းခိုသူအရေအတွက် ယခင်နှစ်ထက် နှစ်ဆကျော်များပြား

၂၀၂၃ ခုနှစ်အတွင်း ပုဂံညောင်ဦးခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်ပြီး ဟိုတယ်တည်းခိုရိပ်သာများတွင် တည်းခိုသူအရေအတွက် ယခင်နှစ်ထက် နှစ်ဆကျော်များပြား
Published 7 April 2024

 

၂၀၂၃ ခုနှစ်အတွင်း ပုဂံညောင်ဦးခရီး စဉ်ဒေသသို့ လာရောက်လည်ပတ်ပြီး ဟိုတယ် တည်းခိုရိပ်သာများတွင် လာရောက်တည်း ခိုသူများမှာ ၂၀၂၂ ခုနှစ်အတွင်း လာရောက် တည်းခိုသူများ၏နှစ်ဆကျော်ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

“ပုဂံခရီးစဉ်ဒေသကို ၂၀၂၂ ခုနှစ်က လာရောက်လည်ပတ်ပြီး တည်းခိုခဲ့တာ ပြည် တွင်းဧည့်သည်တွေက ၂၈၀၈၄၈ ဦးရှိခဲ့ပြီး ပြည်ပဧည့်သည်တွေက ၆၃၇၄ ဦးရှိခဲ့တယ်။ ၂၀၂၃ မှာ လာရောက်လည်ပတ်ပြီး ဟိုတယ် မိုတယ်တည်းခိုရိပ်သာတွေမှာ အခန်းယူခဲ့ ကြတာ ပြည်တွင်းဧည့်သည်တွေက ၄၇၄၅၅၇ ဦးရှိပြီး ပြည်ပဧည့်သည်တွေက ၁၄၉၂၇ ဦး ရှိခဲ့တယ်။ နှစ်အလိုက်နှိုင်းယှဉ်ကြည့်ရင် နှစ် ဆကျော် လာရောက်လာပတ်တည်းခိုခဲ့ကြ ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။

ပုဂံခရီးစဉ်ဒေသရှိ သမိုင်းဝင် အထင်က ရဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင် တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော် မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာ မဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ’င်ဘုရား၊ မနုဟာဘုရား၊ ပြ ဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အလိုတော် ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ သဗ္ဗညုဘု ရားကြီး ၀ိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ် ကျောင်း၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ် ကျောင်းတိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင်ဘုရားတို့တွင် သီတင်း ကျွတ်ပွဲတော်၌ ဘုရားဖူးများဖြင့် စည်ကားခဲ့ ကြောင်း သိရသည်။ 

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့်အခါ ပုဂံဒေသရှိယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ၊ သ ဘာဝရေမြေရှုခင်းအလှများ၊ ဒေသမျိုးစိတ် ကျေးငှက်သတ္တဝါလေးများ၊ အနုပညာလက် ရာများအပြင် တစ်ဆက်တစ်စပ်တည်း သွား ရောက်နိုင်သည့် ခရီးစဉ်ခုနစ်ခုကိုလည်းသွား ရောက်လည်ပတ်နိုင်ရန်အတွက် ဟိုတယ် နှင့်ခရီးဌာနကလည်း ခရီးစဉ်များကို ဖော်ဆောင် ထားကြောင်း သိရသည်။

 

Most Read

Most Recent