မြဝတီမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျည်နှင့် ဗုံးဆန် ထိမှန်ခြင်းကြောင့် နေအိမ်များ မီးလောင်ကာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူ များပြားလာကြောင်း သိရ

မြဝတီမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျည်နှင့် ဗုံးဆန် ထိမှန်ခြင်းကြောင့် နေအိမ်များ မီးလောင်ကာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူ များပြားလာကြောင်း သိရ
တိုက်ပွဲဖြစ်ပွားမှုကြောင့် သင်္ဃန်းညီနောင်မှနေအိမ်များ ပျက်စီးခဲ့စဉ်
တိုက်ပွဲဖြစ်ပွားမှုကြောင့် သင်္ဃန်းညီနောင်မှနေအိမ်များ ပျက်စီးခဲ့စဉ်
Published 4 April 2024

မြဝတီမြို့အနီး သင်္ဃန်းညီနောင် ကျေးရွာတွင် မတ်လ ၇ ရက် မှ စတင်ခဲ့သည့် နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက်  မြဝတီမြို့ မြောက်ဘက်နှင့် တောင်ဘက်တို့တွင်  နေ့စဉ်နီးပါး တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး လက် နက်ကြီးကျည်နှင့် ဗုံးထိမှန်ခြင်းကြောင့် လူနေအိမ်များ မီးလောင်ပြာကျကာ  နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြေးလာသူ ပိုမိုများပြားလာကြောင်း သိရသည်။

မြဝတီမြို့ ကုန်သွယ်ရေးဇုန်အနီး အတွင်းမဲကနယ်၊ အပြင်မဲကနယ်နှင့် ရွှေမြစန္ဒီ မြို့သစ်တွင်နေထိုင်သော ပြည်သူများမှာ လွန်ခဲ့သော သုံးလခန့်ကပင် နေအိမ်စွန့်ခွာပြီး စစ်ဘေးလွတ်ရာ မြဝတီမြို့သို့ ရှောင်ပြေးလာ ရကြောင်းသိရသည်။

ထို့အပြင် အတွင်းမဲကနယ် ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း တို့ကြောင့် နေအိမ်များလည်း မီးလောင် ဆုံး ရှုံးသွားပြီဟု စစ်ဘေးရှောင်များက ပြောကြား သည်။

မတ်ရ ရက်က သင်္ဃန်းညီနောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနောက်ဆက်တွဲအဖြစ် လက်နက်ကြီးကျည်နှင့် ဗုံးဆန်ထိမှန်ကာ အရပ်သားပြည်သူ သေဆုံးမှုများပြားလာခဲ့ ကာ ညီနောင်ရွာသစ်ရပ်ကွက်နှင့် အာရှလမ်း မကြီး တစ်ဖက်စီတွင် လူနေအိမ်အများ အ ပြား မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မြဝတီမြို့၏မြောက်ဘက်ရှိ သင်္ဃန်း ညီနောင် ပြီးနောက် ဝေ့ရှမ်းကျေးရွာရှိ နေ အိမ် အများအပြား မီးလောင်ဆုံးရှုံးခဲ့သလို အရပ်သားပြည်သူ သေဆုံးမှုလည်းရှိခဲ့သည်။ မဲ့ပလေ့၊ ဇရပ်ဖြူကုန်း ကျေးရွာတွင် နေထိုင် သောပြည်သူများမှာလည်း စစ်ဘေးလွတ်ရာ သို့ရှောင်ပြေး နေရသည်။

မြဝတီမြို့၏တောင်ဘက်ရှိ ဖလူး၊ရသေ့ ဂူ၊ လက်ခတ်တောင် တာဝါတိုင်ကုန်း အနီးတို့ တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေ ခြင်း ကြောင့် ပြည်သူများမှာ နယ်စပ်စည်းခြား သောင်ရင်းမြစ်ကမ်းစပ်အနီးရှိ ဘုန်းတော် ကြီးကျောင်းများ၌ ရှောင်တိမ်းနေကြရ ကြောင်း၊ နှစ်ဖက် တိုက်ပွဲ ရက်ကြာရှည်လာ ခြင်းကြောင်း စစ်ရှောင်နေရသူများမှာ ရက်လ ကြာမြင့်လာသည်နှင့်အမျှ စားသောက်ရေးအ ခက်အခဲဖြစ်ကာ အလှူရှင်လိုအပ်လျက်ရှိ ကြောင်း သိရသည်။

“အထူးသဖြင့်တော့ စစ်ဘေးရှောင်များ တဲ့နေရာတွေမှာ အလှူရှင်တွေရောက်ပေမဲ့ စစ်ရှောင်နည်းတဲ့ နေရာတွေမှာ အလှူ သိပ် မရောက်ဘူး၊ အစားအသောက်နဲ့ သောက်ရေ အခက်အခဲရှိပါတယ်” ဟု ကူညီကယ်ဆယ် ရေး လုပ်နေသူတစ်ဦးက ပြောကြားသည်။

မြဝတီမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ စစ်ဘေးရှောင်လာသူများမှာ  မြဝတီ  အမှတ် (၃) ရပ်ကွက် ဟိတဓရ ဓမ္မာရုံတွင် ၅၀ ခန့် ၊ အမှတ် (၃) ရပ်ကွက်  ဓမ္မာရန်အောင် ဘုန်း ကြီးကျောင်တွင် ၂၀၀ ဦးခန့်၊ အထက ၂ တွင် သဘာဝရိပ်သာ တရားဆေးရုံမှ အဘိုးအ ဘွား  ၂၀၀ ဦးခန့်၊ ကြံခင်းဓမ္မာရုံတွင် ၅၀ ဦး ခန့်၊ ရေပူတောင်ပေါ်ကျောင်းတွင် ၅ဝဝဦး ခန့်၊ ရေပူအောက်ကျောင်းတွင် ၁၀၀ ဦးခန့်၊ ရေပူ ကြံတိုင်းအောင်ကျောင်းတွင် ၅ဝဦးခန့်၊ ရေပူ လေးမျက်နှာဘုရားတွင် ၅၀ ဦးခန့်၊ ချောင်းဆုံ ဘုန်းကြီးကျောင်းတွင် ၄၀၀ ဦးခန့်၊  ဇရပ်ဖြူကုန်း ဘုန်းတော်ကြီးကျောင်းတွင် ၄ဝဝဦးခန့်၊ဝှေ့ရှမ်းစာသင်ကျောင်းတွင်၂၀၀ ဦးခန့်၊ မဲကနယ်မင်္ဂလာဦးကျောင်းတွင်၂ဝဝဦးခန့်၊မဲကနယ် နဂါးရုံဘုရားတွင် ၅ဝဦးခန့်၊ မဲ့ကနယ် ချမ်းမြေ့ရိပ်သာဆွင် ၂၀၀ ဦးခန့်၊ မြေနီကုန်း ဗောဓိရိပ်သာတွင် ၁၅၀ ဦးခန့်၊ ရွှေမြ စန္ဒီသစ္စသုတတွင် ၅ဝဦးခန့်၊ မယ့်ထော် သလေး ဘုန်းကြီးကျောင်းတွင် ၂ဝဝဦးခန့်၊ ညောင်နန်းသာ ဘုန်းတော်ကြီး ကျောင်းတွင် ၁၀၀ ဦးခန့် စသည်ဖြင့် ခိုလှုံနေကြရပြီး အ များစုမှာ စားသောက်ရေးခက်ခဲလျက်ရှိသည် ဟု စစ်ရှောင်များအားကူညီရေး ဆောင်ရွက် နေသည့် ပရဟိတအသင်းသားများက ပြော ကြားသည်။                        

Most Read

Most Recent