မိုးညှင်းမြို့နယ် နန်းမား ဘူတာတွင် ရပ်နားထားသည့် မီးရထားတွဲ မီးလောင်မှု ဖြစ်ပွား

မိုးညှင်းမြို့နယ် နန်းမား ဘူတာတွင် ရပ်နားထားသည့် မီးရထားတွဲ မီးလောင်မှု ဖြစ်ပွား
Published 21 March 2024

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မီးရထားဘူတာတွင်  မတ်လ ၂၀ ရက်  ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က သုံးနှစ်ကျော် ရပ်နားထားသည့် ရထားတွဲ သုံးတွဲ မီးလောင် ပျက်စီး ခဲ့ကြောင်း မြင်တွေ့ခဲ့သူများက ဆိုသည်။

" မူးယစ်သမားတွေ နေကြတဲ့နေရာပဲ။ဆေးလိပ်သောက်တာ၊ဆေး ရူတာကြောင့်လို့ပြောကြတယ်။ ငြိမ်းလို့ကို မနိုင်တာ။သစ်သားတွေဆိုဖာတွေက မီးစွဲကုန်တာ။ ဘေးမှာလည်း ခြုံတွေထူတော့ နောက်ထပ်လည်း လောင်နိုင်သေးတယ်"ဟု ဒေသခံ တစ်ဦးကဆိုသည်။

အဆိုပါ ရထားတွဲ ရပ်နားထားသည်မှာ သုံးနှစ်ကျော်ခဲ့ ကြာပြီဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် အထူးအမြန်ရထားတွဲ  အထက်တန်း နှစ်တွဲ၊ ရိုးရိုးတန်း တစ်တွဲ စုစုပေါင်းသုံးတွဲ မီးလောင် ပျက်စီးခဲ့ကြောင်း  သိရသည်။

Most Read

Most Recent