မလေးရှားအများပိုင်ကုမ္ပဏီ Axiata က ၎င်းတို့အစုရှယ်ယာများကို EDOTCO သို့ ဒေါ်လာသန်း ၁၅၀ ဖြင့် လွှဲပြောင်းရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာ

မလေးရှားအများပိုင်ကုမ္ပဏီ Axiata က ၎င်းတို့အစုရှယ်ယာများကို EDOTCO သို့ ဒေါ်လာသန်း ၁၅၀ ဖြင့် လွှဲပြောင်းရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာ
Published 6 April 2024

မလေးရှားအများပိုင်ကုမ္ပဏီ Axiata က ၎င်းတို့အစုရှယ်ယာများကို EDOTCO Myanmar သို့ ဒေါ်လာသန်း ၁၅၀ ဖြင့် လွှဲ ပြောင်းရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာ ကြောင်း Axiata ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှား စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Axiata က ၎င်းတို့ ရှယ်ယာအများစုပိုင်ဆိုင်ထားသော တာဝါတိုင်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် EDOTCO Myanmar ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချရန် သဘောတူညီချက် တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ပြီးဖြစ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

မက်ခရိုစီးပွားရေးလုပ်ငန်းများနှင့် လုပ် ငန်းလည်ပတ်မှုများတွင် ခက်ခဲယိုယွင်းလာ ခြင်းကြောင့် မြန်မာနိုင်ငံမှထွက်ခွာရန် ဆုံး ဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု Axiata ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်လာသန်း ၁၅၀ ဖြင့် ဝယ်ယူခဲ့သည့် EDOTCO Myanmar မှာ မြန်မာနိုင်ငံတွင်  တာဝါတိုင်ပေါင်း ၃၀၀၀ ကျော်အား အကောင် အထည်ဖော်ကာ လုပ်ကိုင်လျက်ရှိသည့် လုပ် ငန်းတစ်ခုဖြစ်သည်။

Most Read

Most Recent