နေပြည်တော်တွင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို နစကဥက္ကဋ္ဌက ဘာသာပေါင်းစုံ အသင်းအဖွဲ့တာဝန်ရှိသူများထံ ပေးအပ်

နေပြည်တော်တွင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို နစကဥက္ကဋ္ဌက ဘာသာပေါင်းစုံ အသင်းအဖွဲ့တာဝန်ရှိသူများထံ ပေးအပ်
Published 13 April 2024

နေပြည်တော်တွင် ဘာသာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန် မြေ ပေးမိန့်များအား နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘာသာ ပေါင်း စုံအသင်းအဖွဲ့တာဝန်ရှိသူများကို ဧပြီ ၁၂ ရက် နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌တွေ့ဆုံပေးအပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘာသာရေးအသင်းအဖွဲ့များ အတွက် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လိုအပ်သည့် အဆောက် အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေ  ပေးမိန့်များကို ပေးအပ်ရာ ဗုဒ္ဓဘာသာကိုယ် စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလိကန်ခရစ်ယာန် ဘာသာကိုယ်စား လှယ်၊ ဆွန်နီအစ္စလာမ် ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ် ဘာသာ ကိုယ်စားလှယ်၊ ဟိန္ဒူဘာသာ ကိုယ် စားလှယ်တို့က အသီးသီးလက်ခံရယူခဲ့ ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် နစကဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် မိမိတို့နိုင်ငံတွင် ဗုဒ္ဓ ဘာသာကိုးကွယ်မှု အများဆုံးဖြစ်သော် လည်း အခြားဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင်သင့်လုပ် ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေး ခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ်အေး ချမ်းမှများကို ရရှိမည်ဟုယုံကြည်ကြောင်း၊ ကမ္ဘာ့နိုင်ငံများကိုကြည့်ပါကလည်း မိမိတို့ နိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့် နိုင်ငံများ ရှိသကဲ့သို့ ဘာသာတစ်ခုတည်းကို သာအခွင့် အရေးပေးပြီး အခြားဘာသာရေးများကို အ ခွင့်အရေးမပေးသည့် နိုင်ငံများလည်းရှိ သည် ကိုတွေ့ရကြောင်း၊ ထို့ကြောင့်အချို့နေရာ များတွင် ဘာသာရေးအရ ပဋိပက္ခ များဖြစ်ပွား ပြီး ဘာသာရေးအရတည်ငြိမ်မှုပျက်ပြားခဲ့ သည်များရှိကြောင်း၊ အလားတူ ဒေသအ လိုက်တွင်လည်း ဘာသာရေးအရဖြစ်ပွား သည့် ပဋိပက္ခများကို ထိန်းသိမ်းရန်ခက်ခဲသည် ကိုတွေ့ရကြောင်း၊ သမိုင်းကြောင်းကို ပြန် ကြည့် မည်ဆို ပါက ဘာသာရေးအရဖြစ်ပွား ခဲ့သည့် ပဋိပက္ခများနှစ်ပေါင်းများစွာဖြစ်ခဲ့ ကြောင်း၊ မိမိခံယူ ချက်အရပြောရမည်ဆိုပါက ဘာသာရေးကို အကြောင်းပြု၍ တစ်ဦးနှင့် တစ်ဦး အထင်မြင်လွဲမှားမှု၊ ယုံကြည်မှုပျက် ပြားများမဖြစ်အောင် လုပ်သင့်သည်ဟု ယုံ ကြည်ကြောင်း၊ မိမိတို့ နိုင်ငံတွင်လွပ်လပ် ရေး ရပြီးကာလတွင် ဘာသာရေးကို အကြောင်းပြု ပြီးဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး အ ဆိုပါဒေသအတွင်းရှိ ပြည်သူများ အနေဖြင့် မကောင်းသည့် အကျိုးကိုပိုမိုထိခိုက်ခံစား ခဲ့ရကြောင်း၊ ထို့ကြောင့်အဆိုပါဘာသာ‌ရေး ဆိုင်ရာ ပဋိပက္ခများ မရှိအပ်ဘူးဟု ယုံကြည် ကြောင်း ပြောကြားသည်။

ထို့ပြင်  မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက မြန်မာနိုင် ငံ၏မြို့တော်မှာ မန္တလေးမြို့ဖြစ်ကြောင်း၊ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်း ဆက်ဖြစ်သည့် မင်းတုန်းမင်းခေတ်ကာလ အထိ နိုင်ငံ့ခေါင်းဆောင်များက သာသနာပြု နှင့်ပတ်သက်၍ ချီးမြှင့်ခဲ့သည့် အစဉ်အလာ ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ် မှုအလိုက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အသိအမှတ်ပြုခြင်း၊ တန်းတူရည်တူရှိခြင်းနှင့် အပြန် အလှန်လေးစားသမှုပြုခြင်းများရှိနေသမျှပဋိပက္ခများ ကင်းဝေးစေမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဘာသာရေးဆိုင်ရာဘွဲ့တံဆိပ်ပေးအပ်ခြင်းများရှိခဲ့သော်လည်း နိုင်ငံတော်အဆင့် အသိ အမှတ်ပြုချီးမြှင့်ခြင်းများမတွေ့ရှိရဘဲ အခမ်း အနားများတက်ရောက်သည်များကိုသာ တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

လွတ်လပ်ရေးရရှိပြီးချိန်မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်ကို နိုင်ငံ၏မြို့တော် အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း၊ နေပြည်တော်တွင် ဘာသာရေးဆိုင်ရာနေရာနှင့်  အဆောက်အဦ များအထိုက်အသင့်ရှိသည်ကို တွေ့ရကြောင်း၊ မိမိနိုင်ငံတော်တာဝန်စတင်ယူချိန်တွင် ဘာ သာရေးဆိုင်ရာ အချို့အခမ်းအနားများကို နိုင်ငံတော်ကို ကိုယ်စားပြု၍တက် ရောက်ချီး မြှင့်ခဲ့ပြီး လိုအပ်ချက်များရှိသည်ကိုတွေ့ခဲ့ရကြောင်း၊ ဘာသာရေးဆိုင်ရာ၊ သာသနာတော် ပြန့်ပွားရေး ဆိုင်ရာကိစ္စရပ်များဆောင်ရွက် နိုင်ရန်အတွက် မြေနေရာများလိုအပ်သည် ကိုတွေ့ရကြောင်း၊ အလားတူ နေပြည်တော် ကောင်စီအနေဖြင့်လည်း တင်ပြမှုများရှိခဲ့ ကြောင်း၊ ထို့ကြောင့်မြေနေရာများချထားပေး နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ယခုအခမ်း အနား ဖြစ်မြောက်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံ တော်အနေဖြင့် မြန်မာနှစ်သစ်ကူး အခါသမ ယအဖြစ် နှစ်သစ်ကူးလက်ဆောင်အဖြစ်အသိအမှတ်ပြု ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်း  နစကဥက္ကဋ္ဌဆိုသည်။

     ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မိမိတို့နိုင် ငံ သည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိက ကိုး ကွယ်ကြကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ် ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို တည်ထားကိုးကွယ် ခဲ့ ကြောင်း၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့် နိုင်ငံ နေပြည်တော်သည် ဗဟိုချက်ဖြစ် စေ ရေးရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ဘုရားကြီး ပရိဝုဏ်နှင့်ဆက်စပ်လျက်ရှိသည့် နေရာများ တွင်လည်း ဘာသာရေး ဆိုင်ရာ များ ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ပတ် သက်၍ ဆောင်ရွက်နိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တစ်ခု တည်ဆောက်ရန်လျာထားကြောင်း၊ အလား တူ ထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ် တည် ဆောက်ရန် လျာထားကြောင်း၊ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်သည့်၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက် နမ် နိုင်ငံတို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများ ရှိကြောင်း၊ အလားတူ ဗုဒ္ဓ မြတ်စွာဘုရားဖွား မြင်တော်မူရာနေရာဖြစ်သည့် နီပေါ၊ အိန္ဒိယ နိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများသည်လည်းဗုဒ္ဓ ဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သဖြင့် ၎င်းင်းတို့အနေ ဖြင့် မြန်မာနိုင်ငံတွင် ၎င်းင်းတို့၏နိုင်ငံကိုယ်စားပြုသည့် ကျောင်းများလာ ရောက် တည် ဆောက် လိုပါက တည်ဆောက် နိုင်ရေး နေရာလျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ ပြည်တွင်းရှိထေရဝါဒဗုဒ္ဓဘာသာများအတွက်လည်း သင့်လျော် သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များတည်ဆောက်လိုပါကလည်း ခွင့် ပြုပေးရန်နေရာများ သတ်မှတ်ထားပြီး ဖြစ် ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေသည် ဘာသာပေါင်းစုံအတူတကွယှဉ်တွဲ နေထိုင် ပြီးငြိမ်းချမ်းစွာဖြင့် နေထိုင်နိုင်သည့်နေရာတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်တွင် ခရစ် ယာန်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာ ဝင် နှင့် ဟိန္ဒူဘာသာဝင်များ နည်းပါးကြောင်း၊ တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် ဘာသာ ပေါင်းစုံနေထိုင်သည့် နေရာတစ်ခုဖြစ် အောင် ဆောင်ရွက်ပြီး နေပြည်တော်အား ဘာသာ ပေါင်း စုံကို ကိုယ်စားပြုသည့် နေရာတစ်ခု ဖြစ်အောင်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းကလက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိသည်မှာ ယနေ့အချိန် အထိပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံ ရေး အယူအဆ၊ တိုင်းရင်းသားရေးအယူအဆများပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာသည့် ပဋိပက္ခများဖြစ်ကြောင်း၊ အဆိုပါပဋိပက္ခ များကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံရေးအရလွတ်လပ်ခွင့်နှင့်  ဘာသာရေး အရ လွတ်လပ်ခွင့်များကို ထည့် သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ် ပေါ်နေသည့် ပဋိပက္ခများမှာ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေး အရ ဖြေရှင်းခြင်းမရှိဘဲ ပြည်ပမှနိုင်ငံရေးအရသွေးထိုးလှုံ့ဆော်မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့် ဘာသာရေးအရ သွေးထိုးလှုံဆော်မှုများကြောင့် အကြမ်းဖက် သည့် နည်းလမ်းများဖြင့် ဆောင်ရွက် လာခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်ပေါ်နေ သည့် ပဋိပက္ခများချုပ်ငြိမ်းစေရေး အတွက် ပြည်သူပြည်သားတိုင်း သက်ဆိုင်ရာဘာသာ တရားများအလိုက် ဘာသာရေးအသိများ ရှိစေရေး ၀ိုင်းဝန်းဆောင်ရွက်စေလို ကြောင်း ၎င်းင်းကဆိုသည်။

တိုင်းပြည်သာယာဝပြောရေးအတွက် လူတိုင်းလူတိုင်းသည် တရားဥပဒေနှင့်အညီ လုပ်ကိုင်စားသောက်၍ အေးချမ်းစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လိုသည့် စိတ်ဓာတ် မျိုးရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ မ ဟုတ်ဘဲ တစ်ဖက်သို့ အစွန်းရောက်မည် ဆို ပါက တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲရုန်း ကန် နေမည်ဖြစ်ပြီး ခွန်အားများကုန်ဆုံးနေ မည် ဖြစ်ကာ သာယာဝပြောမှုသည်လည်း ဖြစ်လာ နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဘာ သာ ပေါင်းစုံ အသင်းအဖွဲ့များအနေဖြင့် အလေး အနက်ထား၍ ဆောင်ရွက်ကြစေလို ကြောင်း၊ မိမိ၏ ရည်ရွယ်ချက်သည် နေပြည် တော်ကို ဗဟိုပြု၍ တိုင်းပြည်သာယာဝ ပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက် ပေးနိုင် ရန်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

  ယင်းနောက် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများအလိုက် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent