မသမာသူအချို့က ပတ်စပို့နံပါတ်အမျိုးမျိုး သုံးကာ ရက်ချိန်းဘိုကင်များ ရယူထားပြီး သံရုံးဝန်ထမ်းအယောင်ဆောင်များက ငွေကြေးစစ်ဆေးပေးမည်ဆိုကာ ဖျားယောင်းသိမ်းသွင်းခြင်းများရှိနေသည်ဟု ထိုင်းသံရုံးထုတ်ပြန်

မသမာသူအချို့က ပတ်စပို့နံပါတ်အမျိုးမျိုး သုံးကာ ရက်ချိန်းဘိုကင်များ ရယူထားပြီး သံရုံးဝန်ထမ်းအယောင်ဆောင်များက ငွေကြေးစစ်ဆေးပေးမည်ဆိုကာ ဖျားယောင်းသိမ်းသွင်းခြင်းများရှိနေသည်ဟု ထိုင်းသံရုံးထုတ်ပြန်
ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံ သံရုံး ရှေ့တွင် ဗီဇာ ရရှိရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံ သံရုံး ရှေ့တွင် ဗီဇာ ရရှိရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 6 March 2024

မသမာသူအချို့က ပတ်စပို့နံပါတ်အမျိုးမျိုးကို သုံးကာ ရက်ချိန်းဘိုကင်နေရာများကို ရယူထားပြီး သံရုံးဝန်ထမ်းအယောင်ဆောင်များက ငွေကြေးစစ်ဆေးပေးမည်ဟုဆိုကာ ဖျားယောင်းသိမ်းသွင်းခြင်းများရှိနေသည်ဟု မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။

သံရုံး၏ အွန်လိုင်းဗီဇာရက်ချိန်းလျှောက်သည့်စနစ်၌ မသမာသူအချို့သည် ပတ်စပို့နံပါတ်အမျိုးမျိုးကို သုံးကာ ရက်ချိန်းတွင် တစ်ဦးတည်းအတွက်မဟုတ်ဘဲ ဘိုကင်နေရာအများအပြားကို ရယူလျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ရက်ချိန်းနေ့တွင် ရက်ချိန်းယူထားသော်လည်း လာရောက် လျှောက်ထားသူမရှိသည့် အခြေအနေများ မြင့်မားလျက်ရှိကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

ထို့ပြင်သံရုံးဝန်ထမ်းအယောင်ဆောင်ထားသူများက သံရုံးရှေ့တွင် ဗီဇာလျှောက်ထားသူအချို့ကို ယင်းတို့ပါလာသော ငွေကြေးကို သံရုံး၏ ကောင်စစ်ဌာနသို့ မဝင်မီ စစ်ဆေးပေးမည်ဟု ဖျားယောင်းသိမ်းသွင်းခဲ့ခြင်းများလည်းရှိခဲ့သည်ဟု ထိုင်းသံရုံးက ထုတ်ပြန်သည်။

သံရုံးအနေဖြင့် ဗီဇာရက်ချိန်းလျှောက်ထားရန်အတွက် အခကြေးငွေယူသည့် စည်းမျဉ်းချမှတ်မထားကြောင်း၊ အကယ်၍ ဗီဇာရက်ချိန်းလျှောက်လိုသူတစ်ဦးကို တစုံတယောက်က reservation slot ကိုလာပေးပြီး အခကြေးငွေတောင်းပါက ထိုသူကို မယုံကြည်ရန်နှင့် ၄င်းတောင်းဆိုသည့်အတိုင်း လိုက်လျောရန်မလိုအပ်ကြောင်း၊ သံရုံးသည် ထိုကဲ့သို့သော ကိစ္စများတွင် မည်သည့်အခါမျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

လျှောက်ထားသူများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် အရေးတကြီးလိုအပ်နေသော ဗီဇာလျှောက်လိုသူများအတွက် ရက်ချိန်းနေရာမရှိစေတော့သည့် အခြေအနေများ မဖြစ်ပွားစေရန် သံရုံး၏အွန်လိုင်းရက်ချိန်းယူသည့်စနစ်ကို မှန်ကန်စွာသုံးစွဲပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ သံရုံးသည် ကောင်စစ်ဌာနအပြင်၌ ဗီဇာလျှောက်ထားသူများ၏ ရက်ချိန်းလျှောက်ထားမှု အတည်ပြုချက် (booking confirmation information)နှင့် ပတ်စပို့ကိုသာ စစ်ဆေးပြီး ကောင်စစ်ဌာအတွင်း၌ လိုအပ်သောစာရွက်စာတမ်းများကို စစ်ဆေးပြီး ဗီဇာကြေး လက်ခံသည်ဖြစ်သောကြောင့် ပြင်ပတစ်နေရာရာ၌ စာရွက်စာတမ်းနှင့် ငွေကြေးစစ်ဆေးခြင်းသည် သံရုံးကဆောင်ရွက်ခြင်းမဟုတ်ကြောင်း၊ အကယ်၍ အထက်ဖော်ပြပါ မသမာမှုတစုံတရာကိုတွေ့ရှိပါက သံရုံးဝန်ထမ်း (သို့) လုံခြုံရေးဝန်ထမ်းများကို အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

Most Read

Most Recent