၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၁၄၀၀၀၀ ကျော် ရှိလာ

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၁၄၀၀၀၀ ကျော် ရှိလာ
Published 13 March 2024

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၁၄၀၀၀၀ ကျော် ရှိ လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ် ပြန်သည်။ 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်သည့် အာရှနှင့်ပစိဖိတ်ဒေသ အပတ်စဉ် လူသား ချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်း ချုပ်အစီရင်ခံစာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအ ပြားတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးပစ်ခတ်မှု အပါအဝင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် ဘေးဒဏ်သင့်ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုနှင့် ဖိစီးမှုများ တိုးပွားလာ ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ ၂၉ ရက်ကလည်း ရခိုင်ပြည် နယ် စစ်တွေမြို့လယ်စျေးကြီးအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေ သခံ ၂၁ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရ ရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်း UNOCHA ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ 

 တပ်မတော်နှင့် AA အဖွဲ့အကြား ယခင်က အလွတ်သဘော အပစ်အခတ်ရပ်စဲ ထားသော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် AA ဘက်က ရခိုင်ပြည်နယ်တွင် စတင်ထိုးစစ်ဆင်လာသဖြင့် ပျက်ပြယ်ခဲ့ရ ကြောင်း၊ ထိုသို့ ပျက်ပြယ်ပြီးနောက် ရခိုင်ပြည် နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာရသူ ၁၄၈,၅၀၀ ခန့် ရှိနေကြောင်း UNOCHA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်မလုံခြုံမှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။ 

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ် ဝန်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ် လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြည့်မီနိုင် စွမ်းကို ထိခိုက်သည့် ငွေကြေးဖောင်းပွမှု မြင့် တက်လာခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှုများ၊ အရပ်သားဘေးကင်း လုံခြုံရေးနှင့်အကာအကွယ် ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။ 

ဖြစ်ပွားဆဲတိုက်ပွဲများ၊ ဘက်ပေါင်းစုံမှ ချမှတ်ထားသော စီမံရေးရာကန့်သတ်ချက် များသည် ဘေးဒဏ်သင့်ပြည်သူများရှိရာသို့ ဝင်ရောက်ပြီး လူမှုကယ်ဆယ်ရေးအကူအညီ များဆောင်ရွက်နိုင်ရန်အတွက် အဓိကအ တားအဆီးများအဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး လူဦးရေ ၃ ဒသ မ ၂ သန်းကို အကူအညီများပံ့ပိုးနိုင်ခဲ့သော် လည်း အဆိုပါပံ့ပိုးမှုများသည် ရန်ပုံငွေ မပြည့် မှီမှုနှင့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက် များကြောင့် နဂိုမူလစီစဉ်ထားသည့်အတိုင်း ပြည့်ဝအောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။    

၂၀၂၄ခုနှစ် လူသားချင ်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့်တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP) အရ လူမှုကရုဏာလုပ်သား များသည် လူဦးရေ ၅ ဒသမ ၃ သန်းကို ဦး တည်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးရန်ရည်ရွယ်ထားပြီး အဆိုပါအရေးပေါ် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိ ကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်း နှင့် ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့သော ရန်ပုံငွေပမာဏာ (လိုအပ်သော ရန်ပုံငွေ၏ ၃၇ ရာခိုင်နှုန်း သာ ရရှိခဲ့သည်) အတိုင်းသာ ၂၀၂၄ ခုနှစ်တွင် ရရှိပါက ဘေးဒဏ်သင့်ပြည်သူများအတွက် ကြီးမားသောအခက်အခဲများ ကြုံတွေ့ရမည် ဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Most Read

Most Recent