ကျောက်တံခါးမြို့နယ် တောကျွဲအင်း- ကညွတ်ကွင်းကြား မိုင်တိုင်အမှတ် ၁၂၀/၂-၃ ကြားတွင် မိုင်းပေါက်ကွဲပြီး စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ် သံလမ်း ၁၀ ပေခန့် ပြတ်ထွက်

ကျောက်တံခါးမြို့နယ် တောကျွဲအင်း- ကညွတ်ကွင်းကြား မိုင်တိုင်အမှတ် ၁၂၀/၂-၃ ကြားတွင် မိုင်းပေါက်ကွဲပြီး စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ် သံလမ်း ၁၀ ပေခန့် ပြတ်ထွက်
Published 15 March 2024

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း- ကညွတ်ကွင်းကြား မိုင်တိုင်အမှတ် ၁၂၀/၂-၃ ကြားတွင် မတ်လ ၁၃ ရက်က မိုင်းပေါက်ကွဲပြီး စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ် သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခဲ့ကြောင်းသိရသည်။

မတ်လ ၁၃ ရက် ည ၁၂ နာရီအချိန်က  ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်း ဘူတာအကြားမိုင်တိုင် အမှတ်၊ ၁၂၀/၂-၃ ၌  မိုင်းပေါက်ကွဲသံများ ကြားရသဖြင့် တောကျွဲအင်း-ကညွတ်ကွင်း လမ်းပိုင်းအား  ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက်စစ်ဆေးရာတွင် တောကျွဲ အင်း- ကညွတ်ကွင်းကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ကြားရှိ စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ်ပျက်စီးခဲ့ပြီး သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခြင်း၊ ကွန်ကရစ်ဇလီ ဖားတုံးများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့်  စီမံကိန်းလမ်းအဖြစ်ဆောင်ရွက်နေသည့် အဆိုပါ အစုန်လမ်းပိုင်းပျက်စီးမှု အားအမြန်ဆုံးပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲဖျက် ဆီးခံရမှုအကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခံရမှုအကြိမ် ၅၁၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှိုဖျက်ဆီးခံရမှု ၁၂  ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အ ဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံ ဆောင်ရွက်ပေးလျက်ရှိသော်လည်း သောင်းကျန်းသူများက နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီးရထားဖြင့် ခရီးသွား လာ မှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့် တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့် ကြားစေရေးတို့အတွက် အကြိမ်ကြိမ်ကျူးလွန်နေကြကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent