သိန္နီမြို့နယ်တွင် SSPP အဖွဲ့ကို MNDAA အဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားပြီး တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြဿနာများဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု SSPP ထုတ်ပြန်

သိန္နီမြို့နယ်တွင် SSPP အဖွဲ့ကို MNDAA အဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားပြီး တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြဿနာများဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု SSPP ထုတ်ပြန်
ပုံစာ- SSPP တပ်ဖွဲ့ဝင်အချို့အား တွေ့ရ စဉ် ။ Photo: - SSPP - Info
ပုံစာ- SSPP တပ်ဖွဲ့ဝင်အချို့အား တွေ့ရ စဉ် ။ Photo: - SSPP - Info
Published 28 March 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ် တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA) အဖွဲ့ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA)က တိုက်ခိုက် မှုများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားပြီး တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြဿနာများဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု SSPP က ထုတ်ပြန်သည်။

သိန္နီမြို့နယ် အတွင်းရှိ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) တပ်စခန်း တစ်ခုကို မတ်လ ၂၆ ရက်မှစ၍  ကိုးကန့် လက် နက်ကိုင်အဖွဲ့(MNDAA)က တိုက်ခိုက်ရေး ဒရုန်းဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၂၇ ရက် အ ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲမှာ သိန္နီမြို့နယ် နမ့်စလပ် ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စု အ တွင်း လုပ်ရှားနေသည့် SSPP/SSA စစ်ကြောင်းများကို မတ်လ ၂၆ ရက် ညနေ ၃ နာရီ ကျော်တွင် MNDAA အဖွဲ့က တိုက်ခိုက် ရေး ဒရုန်းဖြင့်  SSPP/SSA စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာကမှ စယ်အူကျေးရွာ အုပ်စု ကုန်းညောင်ကျေးရွာအနီးတွင် ၁၀ မိ နစ်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့  ကြောင်းသိရသည်။

ထို့ပြင် မတ်လ ၂၇ ရက် နံနက် ၉ နာရီ တွင်လည်း စယ်အူကျေးရွာအုပ်စု ပန်နား ကျေးရွာအနီးရှိ လယ်ကွက်ထဲကမှMNDAA  အင်အား ၂၀၀ ခန့်က ၎င်းင်းအနီးနားရှိ   SSPP/SSA ၏အထူးတပ်စခန်း တစ်နေရာကို  တိုက် ခိုက်ရေး ဒရုန်းဖြင့် အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး  နံနက် ၁၁ နာရီကျော် ‌အချိန်တွင် မြေပြင်စစ်အင်အား ၂၀၀ ကျော် ဖြင့် SSPP/SSA တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီကျော် အချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP/SSA က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း MNDAA   အဖွဲ့ ၏ တိုက်ခိုက်မူများကို SSPP / SSA မှ ခုခံကာ ကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက် ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည် လည်သင့်မြတ်ရေးအတွက် ရှေးရှုကာ တွေ့ဆုံ ဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြ ဿနာများဖြေရှင်းနိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေး  နွေးခြင်းလမ်းစဉ်ဖြင့် လုံးဝဖြေရှင်း၍ မရခဲ့မှ သာ ‌မိမိအဖွဲ့အစည်း မိမိအုပ်ချုပ်ရေး ‌နယ်‌မြေ အတွင်းရှိ မိဘပြည်သူများကို ထိပါးစော်ကားမူ  ပြုလုပ်ခဲ့ပါက SSPP / SSA အနေဖြင့် ထိထိ ရောက်ရောက်ပြန်လည် တုန့်ပြန်မည်ဖြစ် ကြောင်း  SSPP/SSA က ထုတ်ပြနချက်တွင် ဖော်ပြထားသည်။

 SSPP / SSA  နှင့် MNDAA တို့“၀” လက် နက်ကိုင်အဖွဲ့က ဦးဆောင် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC)တွင် အဖွဲ့ဝင်များဖြစ်ကြ သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်ခဲ့ သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးအတွင်း ၎င်းတို့ သိမ်းပိုက်ခဲ့သည်ဟု ကြေ ညာခဲ့သည့် မြို့စာရင်းများတွင် သိန္နီမြို့ ပါဝင်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီက လည်း သိန္နီမြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေ ညာထားသည်။

Most Read

Most Recent