မန္တလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်များကို အရေးယူခြင်းမပြုသေးဘဲ မတ် ၂ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေ

မန္တလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်များကို အရေးယူခြင်းမပြုသေးဘဲ မတ် ၂ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေ
Published 4 March 2024

မန္တလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်များကို အရေးယူခြင်းမပြုသေးဘဲ မတ် ၂ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ မြို့နယ်အသီးသီးအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းဖြစ်ရာ လတ်တလောဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်းမရှိတဲ့ ယာဉ်တွေကို လတ်တလောအရေးယူခြင်းလုံးဝမရှိဘဲ ပညာပေးကာလအဖြစ်သတ်မှတ်ပြီး ဆောင်ရွက်နေပါတယ်။ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေကို အရေးယူခြင်းမပြုလုပ်ဘဲ ပညာပေးအနေနဲ့ ဆောင်ရွက်သလို ဦးထုပ်တွေအခမဲ့ပေးဝေတာမျိုး၊  ခါးပတ်မပတ်တဲ့ ကားတွေကိုလည်း ပညာပေးအနေနဲ့ပဲပြောကြားပြီး စေလွှတ်ပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးနဲ့ ယာဉ်အန္တာရယ်ကင်းရှင်းစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်” ဟု အမှတ်(၈၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အမရပူရမြို့နယ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နိုင်လင်းက ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ နယ်မြေခံရဲတပ်ဖွဲ့အသီးသီးပါဝင်သောအဖွဲ့များမှ မန္တလေးမြို့တွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးများကို Mobile ပြုလုပ်နေခြင်းဖြစ်ပြီး မတ် ၂ ရက်မှစတင်ခဲ့ရာ ၁၃ ရက်ထိ ပညာပေးဆောင်ရွက်သွားမည်ဖြစ်သည်။

Most Read

Most Recent