မန္တလေးမြို့ ကျုံးပတ်လည်နှင့် နေရာအသီးသီးတွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်မည့်သူများအား အခွန်ကင်းလွတ်ခွင့်ပြုပြီး ဧပြီ ၁၀ ရက်အထိ လျှောက်ထားနိုင်

မန္တလေးမြို့ ကျုံးပတ်လည်နှင့် နေရာအသီးသီးတွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်မည့်သူများအား အခွန်ကင်းလွတ်ခွင့်ပြုပြီး ဧပြီ ၁၀ ရက်အထိ လျှောက်ထားနိုင်
Published 18 March 2024

မန္တလေးမြို့ကျုံးပတ်လည်နှင့် နေရာအသီးသီးတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်မည့်သူများအား အခွန်ကင်းလွတ်ခွင့်ပြုပြီး ဧပြီ ၁၀ ရက်အထိ လျှောက်ထားနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ယခုနှစ်သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ ကျုံးတောင်ဘက် (၂၆ ဘီလမ်း)၌ လမ်းလျှောက်သင်္ကြန်အပါအဝင်  ကျုံးအရှေ့ဘက် (၆၆ လမ်း) တို့တွင် ရေကစားမဏ္ဍပ်များကို အခမဲ့တည်ဆောက်ခွင့်ပြုပေးသွားမည်ဖြစ်သလို မန္တလေးမြို့တွင်းရှိ စျေးချို၊ ကမ်းနားလမ်း၊ မင်္ဂလာမန္တလေးစသည့်နေရာတို့တွင်လည်း ကျင်းပခွင့်ပေးသွားမည်ဟု သိရသည်။

“အဓိကကတော့ ကျုံးတောင်ဘက်မှာ အတွင်းလမ်းကို ရေကစားမဏ္ဍပ်တွေထားပြီး အပြင်လမ်းကို လမ်းလျှောက်သင်္ကြန်ပြုလုပ်သွားမှာပါ။ ရေကစားမဏ္ဍပ်တွေရှိရာနေရာမှာ ကားကလွဲလို့ ဆိုင်ကယ်ဝင်ခွင့်မပြုပါဘူး။ လမ်းလျှောက်သင်္ကြန်အခြမ်းမှာတော့ ဆိုင်ကယ်ရောကားရော ဝင်ခွင့်မပြုဘဲ လူတွေချည်း ရေကစားနိုင်ပါတယ်။ ဒီနှစ်မှာ အဓိကကတော့ ကျုံးပတ်လည်ရော၊ မန္တလေးမြို့တွင်း ဘယ်နေရာမဆို သင်္ကြန်မဏ္ဍပ်တည်ဆောက်မှုတွေအတွက် အခွန်အခပေးသွင်းစရာမလိုပါဘူး။ အရင်တုန်းကလိုပဲ ကျုံးတောင်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ မိသားစုလိုက် ကိုယ်ပိုင်ရေစုပ်တွေနဲ့ ရေကစားမှုတွေကိုလည်း အခမဲ့ခွင့်ပြုပေးထားပါတယ်” ဟု မန္တလေးမြို့ သင်္ကြန်ကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်ပြီး စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနဌာနမှူး ဦးတင်ထွန်းဦးက ပြောကြားသည်။

Most Read

Most Recent