ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သရပါတံခါး မြောက်ဘက်နေရာတွင် ချုံနွယ်များရှင်းလင်းရာမှ ပုဂံနန်းတော်၏ လူပုဂ္ဂိုလ်သီးသန့်ဝင်ခွင့်ရသည့် တံခါးပေါက်ငယ်ကို တွေ့ရှိထားပြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်သွားမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သရပါတံခါး မြောက်ဘက်နေရာတွင် ချုံနွယ်များရှင်းလင်းရာမှ ပုဂံနန်းတော်၏ လူပုဂ္ဂိုလ်သီးသန့်ဝင်ခွင့်ရသည့် တံခါးပေါက်ငယ်ကို တွေ့ရှိထားပြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်သွားမည်
Published 21 March 2024
မင်းလတ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သရပါတံခါး မြောက်ဘက်နေရာရှိ ချုံနွယ်များကို ရှင်းလင်းရာမှ ရှေးခေတ်ပုဂံက ပုဂံ နန်းတော်၏ လူပုဂ္ဂိုလ်သီးသန့်ဝင်ခွင့်ရသည့် တံခါးပေါက်ငယ်ကို တွေ့ရှိခဲ့ရာ ယခုနှစ်မိုး မကျမီ အချိန်မီ ပြုပြင်ထိန်းသိမ်းမူ လုပ်နိုင်ရန် နေပြည်တော်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ပြုပြင်ထိန်းသိမ်းမူ များအပြင် သုတေသနများ ဆက်လက် လုပ်ဆောင်သွားမည်ဟု  ‌ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန  (ပုဂံဌာနခွဲ)မှ သိရပါသည်။

ဓအခု အသစ်တွေ့ရှိခဲ့တာက ဂူဝင်ပေါက်နေရာပေါ့။ သရပါတံခါး မြောက်ဘက်ကနေဆို ပေ ၅၀၀ လောက်မှာ ချုံတွေရှင်းတော့ အပေါက်လေးတွေ့တယ်။ သရပါတံခါးလို့ ပုဂံခေတ်က လှည်းတို့ ဝင်လို့မရဘူး။ အခုတွေ့တဲ့ အပေါက်က လူသီးသန့်ဝင်လို့ရတဲ့ အပေါက်ကို တွေ့တာပါ။ တွေ့ရှိတဲ့ နေရာက ပျက်စီးနေမို့ ကျွန်တော်တို့ အင်ဂျင်နီယာတွေနဲ့ ကွင်းဆင်းကြည့်ပြီးစစ်ဆေးနေပါတယ်။ အခု နှစ် မိုး မကျမီ ပြင်ဆင်မှု ပြီးနိုင်အောင် ထိန်းနိုင်အောင် ကြိုးစားနေပါတယ်။အခု တွေ့တဲ့ နေရာလေး ကို တချို့ဒေသခံ ပုဂံသူတွေတောင် သိတ်မသိကြဘူး။ အခု တွေ့ထားတာကို ပြန်ထိန်းသိမ်းမယ်။ ပုဂံ ကို လာရောက်တဲ့ လေ့လာသူတွေကို ပုဂံ မြို့ဟောင်းနဲ့ နန်းတော်ရာ တို့ကို လေ့လာတဲ့အခါမှာ ပြန်ပြီး လေ့လာနိုင်အောင် လမ်းလေတွေ စီစဉ်သွားမယ်လို့ စိတ်ကူးရှိပါတယ်။ အခုတွေ့တဲ့နေရာ နန်းတော်ရာ အရှေ့ဘက်ပေါ့။ အာနန္ဒာ ဘုရားအနောက်ဘက် ကွင်းပြင်ကျယ်ကြီး သွားလိုက်ရင်ရတယ်။ ကျောက်တိုင်တွေ ချထားတဲ့အပေါက်ကနေ ဆက်သွားရင် ရောက်တယ်။ ပြုပြင်ထိန်းသိမ်းမှုက အခု တိုင်းထွာတွက်ချက်ပြီး နေပြည်တော် ကိုတင်ပြသွားပြီး ခွင့်ပြုချက်ရတာနဲ့ချက်ချင်းပြင်ဆင်မှုတွေဆောင်ရွက်ပါမယ်။ အခု တွေ့တဲ့ နေရာက ပုဂံခေတ်ကတွေ့ရှိမူမှာ ရှားပါး တဲ့ လူ ဝင်ပေါက် ပြန်တွေ့တာပါ။ လူဝင်ပေါက်ဆိုတော့ အဲဲ့ဒီနေရာနဲ့ ဆက်နွှယ်တဲ့နေရာတွေ ကို ဆက်လက်ပြီး သုတေသနပြုစုသွားမယ်။ ပုဂံခေတ်က လူကြီး သီးသန့် ဝင်ရတဲ့နေရာ ဆိုတော့ အဲဒီခေတ်က လုံခြုံရေး တင်းကြပ်ထားတဲ့နေရာ မျိူးထင်ပါတယ်။ ကျွန်တော်တို့ ပုဂံဌာနခွဲအနေနဲ့ တွေ့ရှိတဲ့နေရာကို ဆက်လက်ပြီးသုသေသနပြုစုသွားမယ်မြို့ပြင်က နန်းတော်ထဲ ဝင်တဲ့ပေါက် နေရာပါ ဓဟု ရှေးဟောင်း သုတေသနနင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

 ယခု လို့ တွေ့ရှိတဲ့ လူ ဝင်ပေါက်တွေက ပျူခေတ်တွေမှာလည် ရှိခဲ့ကြောင်း၊  သရေခတ္တရာ မြို့ဟောင်းတွင် လုလင်ကျော်ပေါက် ဆိုသည့်အမည်နှင့်ဝင်ပေါက် တစ်ပေါက်ရှိခဲ့ပြီး လုလင်ကျော်ပေါက်ကလည်း လှည်း ယာဉ်များ ဝင်လို့မရဘဲ လူသီးသန့် လုံခြုံရေး ကြပ်မတ်ပြီး လူ သီးသန့် ဝင်ရတဲ့ အပေါက်မျိုး ဖြစ်ခဲ့ကြောင်း၊ ယခု ပုဂံမှာတွေ့ရှိသည့် လူ ဝင်ပေါက်မှာလည်း အဆိုပါ သဘောဆန်ဆန်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent