ထိုင်းဘက်သို့ စစ်ဘေးရှောင်သည့် မြဝတီဒေသခံများ နေရပ်ပြန်လာပြီဖြစ်သော်လည်း မြဝတီစစ်ရှောင်စခန်းများရှိ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးကြောင်းသိရ

ထိုင်းဘက်သို့ စစ်ဘေးရှောင်သည့် မြဝတီဒေသခံများ နေရပ်ပြန်လာပြီဖြစ်သော်လည်း မြဝတီစစ်ရှောင်စခန်းများရှိ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးကြောင်းသိရ
စစ်ဘေးရှောင်များ ထိုင်းဘက်မှ မြဝတီဘက်သို့ ပြန်လာနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုကြီးမန်း)
စစ်ဘေးရှောင်များ ထိုင်းဘက်မှ မြဝတီဘက်သို့ ပြန်လာနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုကြီးမန်း)
Published 24 April 2024

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် တည်ရှိသော ချစ်ကြည်ရေး တံတားအမှတ် (၂) အနီးတွင် ဧပြီ ၂၀ ရက် နံနက်ပိုင်းမှစတင်ကာ နှစ်ဘက်တိုက်ပွဲဖြစ် ပွားခဲ့ပြီး  နောက်ရက်များတွင်  မြို့ဝန်းကျင်၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းကြောင့် မြဝတီ မြို့မှ ဒေသခံများ ထိုင်းဘက်သို့  ထောင်နှင့်ချီ ၍ စစ်ဘေးရှောင်ခဲ့ကြရကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံ တားနှင့် သဘာဝဂိတ်များမှတစ်ဆင့် ထိုင်းနိုင် ငံဘက်သို့  ကူးလူးသွားလာ စစ်ဘေးရှောင်သူ များသည် တိုက်ပွဲသံငြိမ်လာသည့်အတွက် ဧပြီ ၂၂ ရက်က  နီးစပ်ရာ သောင်ရင်းဖြတ် ကျော်သဘာဝဂိတ်များမှတစ်ဆင့် နေရပ်သို့ ပြန်လာကြပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မြဝတီမြို့ရှိ စစ်ရှောင်စ ခန်း ၁၀ ခုကျော်၌  ခိုလှုံနေသော သင်္ဃန်းညီ နောင်၊ မဲနယ်၊ ရွှေမြစန္ဒီမြို့သစ်၊ ယဖားချောင်း ကျေးရွာ၊ တုံးတံတားကျေးရွာ၊ အေးသုခကျေး ရွာ၊ ဝေ့ရှမ်း၊ မဲ့ပုလဲစသော ကျေးရွာများမှ စစ် ဘေးရှောင်များမှာ တစ်လေကျာ်လာသည့် ယနေ့အချိန်ထိတိုင် နေရပ်မပြန်နိုင်ကြသေး ကြောင်း သိရသည်။

မြဝတီမြို့မြောက်ဘက် အခြေချစစ်ဗျူ ဟာနှင့် တပ်စခန်းများတည်ရှိရာသင်္ဃန်းညီ နောင်ကျေးရွာတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ သည့် မတ် ၇ ရက်မှ ဧပြီ ၂၃ ရက်အထိ တစ်လ ကျော်လာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင် များ၏ စားသောက်ရေး အခက်အခဲဖြစ်လျက် ရှိကာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက် ရှိကြောင်း သိရသည်။

မြဝတီမြို့ဝန်းကျင်နှင့် အမှတ် (၂) ချစ် ကြည်ရေးတံတားအနီးတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း စစ်ရှောင်လာသည့် မိသားစုကားတစ်စီး ပစ်ခတ်ခံရခြင်းနှင့် လက် နက်ကြီးကျည်နှင့်ဗုံးဆန် ထိမှန်ခြင်းတို့ကြောင့် အရပ်သားသေဆုံးသူ၂၀ နီးပါးရှိခဲ့ပြီး ဒဏ်ရာ ရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

ယခုအခါ မြဝတီ မြို့အနီး၌ တိုက်ပွဲဖြစ် ပွားခြင်း၏နောက်ဆက်တွဲဂယက်အဖြစ် မြန် မာနိုင်ငံ မြဝတီမြို့မှ ထိုင်းနိုင်ငံဘက်သို့ အ မှတ် (၁) ချစ်ကြည်ရေးတံတားမှ ခရီးသွားလာ ခွင့် လေးရက်မြောက်အထိ ဆက်လက်ပိတ် ထားဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent