မဟာအောင်မြေ လဝကရုံး လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရမှုတွင် အရပ်သား နှစ်ဦး သေဆုံးပြီး ဝန်ထမ်းလေးဦး၊ အရပ်သားငါဦး ဒဏ်ရာရရှိဟု ထုတ်ပြန်

မဟာအောင်မြေ လဝကရုံး လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရမှုတွင် အရပ်သား နှစ်ဦး သေဆုံးပြီး ဝန်ထမ်းလေးဦး၊ အရပ်သားငါဦး ဒဏ်ရာရရှိဟု ထုတ်ပြန်
Published 6 April 2024

မန္တလေးမြို့ မဟာအောင်မြေ လဝကရုံး၌ ဧပြီ ၅ ရက်  လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရမှုတွင်  အရပ်သား နှစ်ဦးသေဆုံးပြီး ဝန်ထမ်းလေးဦး၊ အရပ်သားငါဦး မိုင်းစထိမှန်ဒဏ်ရာရရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဧပြီ ၅ ရက် မွန်းလွဲပိုင်း ကနဦးသတင်းများအရလက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရမှုတွင် အရပ်သား ခုနစ်ဦး၊ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ကိုးဦးအနက် အရပ်သားနှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရပြီး  နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ဧပြီ ၅ ရက် ညပိုင်း အတည်ပြုထုတ်ပြန်ချက်အရ အသက်အန္တရာယ်စိုးရိမ်ရ နှစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ဧပြီ ၅ ရက် မွန်းလွဲပိုင်း အမျိုးသားနှစ်ဦးသည်  ဆိုင်ကယ် တစ်စီးဖြင့် ကျွဲဆည်ကန်(၁)လမ်းအတိုင်း အနောက်မှ အရှေ့ဘက်သို့မောင်းနှင်ပြီး  မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန်(၁)လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းထောင့်ရှိ မဟာအောင်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးအတွင်းသို့ လက်လုပ်မိုင်းဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရုံးအတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ဝန်ထမ်းလေးဦးနှင့် ဒေသခံပြည်သူ ငါးဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း   နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ဗုံးစထိမှန်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent