■ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့်စွမ်းရည်သတ္တ ိဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သူရဘွဲ့ သုံးဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် လေးဦး၊ ရဲသူရ တံဆိပ် တစ်ဦး၊ ရဲဗလဆံဆိပ် ၄၀ ဦး ချီးမြှင့်အပ်နှင်း

■ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့်စွမ်းရည်သတ္တ ိဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သူရဘွဲ့ သုံးဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် လေးဦး၊ ရဲသူရ တံဆိပ် တစ်ဦး၊ ရဲဗလဆံဆိပ် ၄၀ ဦး ချီးမြှင့်အပ်နှင်း
Published 27 March 2024

တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်သည့် သူရဘွဲ့ သုံးဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် လေးဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် ရဲသူရတံဆိပ် တစ်ဦး၊ ရဲဗလဆံဆိပ် ၄၀ ဦး ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နစကမှ ထုတ်ပြန်သည်။

မတ် ၂၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ်   ၆၃  / ၂၀၂၄ ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သည့် သူရဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး တင့်လွင်စိုး၊ ဗိုလ်မှူး ဌေးအောင်၊ တပ်ကြပ်ကြီးညွန့်ဝင်း၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဉာဏ်လင်းထက်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးသန့်၊ ဗိုလ်မှူး မျိုးထက်ဇော်၊ တပ်ကြပ်/၁၂ ကြည်ဖြိုးဝေ တို့အား ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နစကမှ ထုတ်ပြန်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသူရတံဆိပ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ထွန်းထွန်းဝင်း၊ ရဲဗလတံဆိပ်အား မြန်မာရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ရွှေထွန်း အပါအဝင် ငါးဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ (၁၁) ဦး၊ ကချင်ပြည်နယ်မှ ငါးဦး၊ စစ်ကိုင်းဒေသကြီးမှ (၈)ဦး၊ တနင်္သါရီတိုင်းဒေသကြီးမှ နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦး၊ မကွေးတိုင်းဒေသကြီးမှ သုံးဦး၊ မန္တလေးတိုင်းဒေသကြီးမှ လေးဦး တို့အား ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နစကမှ ထုတ်ပြန်သည်။

 

Most Read

Most Recent