မြဝတီ မြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်   တော်ဝင်ထိုင်းတပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက နယ်စပ်တလျှောက် လုံးခြုံရေးတိုးမြှင့်

မြဝတီ မြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်   တော်ဝင်ထိုင်းတပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက နယ်စပ်တလျှောက် လုံးခြုံရေးတိုးမြှင့်
Photo - တော်ဝင် ထိုင်းတပ်မတော်
Photo - တော်ဝင် ထိုင်းတပ်မတော်
Published 10 March 2024

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ် သဃ်န်းညီနောင်ကျေးရွာနှင့်ပတ်ဝန်းကျင်တွင် မတ်လ ၇ ရက် မှစတင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်  ထိုင်းနိုင်ငံဘက်တွင် တော်ဝင်ထိုင်းတပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက နယ်စပ်တလျှောက် လုံးခြုံရေးတိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နယ်စပ်စည်းခြား သောင်ရင်းမြစ်နှင့်ထိစပ်နေသော မဲဆောက်အပါအဝင် ၅ မြို့နယ်အတွင်း ယန္တယားတပ်များနှင့်အတူ မတ်လ ၉ ရက်နေ့က လုံခြုံရေးလှည့် ဆောင်ရွက်နေသည်ဟု နယ်စပ်ဒေသ၌နေထိုင်သူတစ်ဦးကပြောသည်။

"ခု မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲက နယ်စပ်မျည်းနဲ့အရမ်းနီးတယ်၊ကြိုတင်ကာပွယ်တဲ့အနေနဲ့ ထိုင်းဘက်က နယ်စပ်ချင်းထိနေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတိုးမြှင့်တာဖြစ်မှာပါ။ပြီးတော့ စစ်ဘေးရှောင်တွေလည်း ရောက်လာနိုင်တယ်။ ထိုင်းဘက်ကတော့ စစ်ဘေးရှောင်တွေကို လက်မခံတာတော့ မရှိပါဘူး"ဟု မဲဆောက်မြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

လက်ရှိအနေအထားအရ အခြေချစစ်ဗျူဟာ တည်ရှိရာ သဃ်န်းညီနောင်ပတ်ဝန်းကျင်တွင် သုံးရက်ဆက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် မြန်မာစစ်ဘေးရှောင်များ ထိုင်းနိုင်ငံဘက်သို့ရောက်ရှိလာနိုင်သည်ဟု ၄င်းကဆိုသည်။

ထိုင်း မြန်မာနယ်စပ်တလျှောက် မြန်မာနိုင်ငံ မြဝတီမြို့နယ်နှင့်ထိစပ်နေသော  နယ်စပ် ၅ မြို့နယ်မှာ အုန်းဖန်၊ဖို့ဖတ်၊မဲဆောက်၊မယ်လမတ်၊ထာ့ဆောင်ရမ်း မြို့နယ်များဖြစ် ကြောင်းသိရသည်။

 

Most Read

Most Recent