သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာဆေးရုံ နှစ်လပိတ်မည်ဖြစ်ပြီး ဆေးခန်းသာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရ

သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာဆေးရုံ နှစ်လပိတ်မည်ဖြစ်ပြီး ဆေးခန်းသာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရ
Published 24 April 2024

သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာ ဆေးရုံ နှစ်လပိတ်မည်ဖြစ်ပြီး ဆေးခန်းသာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း အဆိုပါဆေးရုံ မှ သိရသည်။ မေလနှင့် ဇွန်လ နှစ်လ ပိတ်မည်ဖြစ်ပြီး ဆေးရုံဘက်ကို ပိတ်ထားမည်ဖြစ်ကာ ဆေးခန်းကို ပုံမှန်အတိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှ သိရသည်။

“ဆေးရုံဘက်မှာတော့ နှစ်လ Service မရပါဘူး။ ဆေးခန်းကတော့ ပုံမှန်အတိုင်းဖွင့် လှစ်ထားမှာပါ။ နှစ်လပြည့်မှ ပြန်ဖွင့်ပါမယ်” ဟု အောင်ရတနာဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဆေးရုံအား မည်သည့်အတွက်ကြောင့် ပိတ်သိမ်းမည်ဆိုသည်ကိုမူ ပြန်လည်ဖြေ ကြားခြင်းမရှိပေ။

အောင်ရတနာဆေးရုံတွင် တက်ရောက် ကုသနေသူများအနေဖြင့်လည်း နှစ်လပိတ် မည်ဖြစ်သဖြင့် အခြားဆေးရုံများတွင်သာ သွားရောက်ပြသရမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံ၏ ဝန်ဆောင်မှုရယူနေသူများထံမှ သိ ရသည်။ “ ဆေးရုံဘက်က ပိတ်မယ်ဆိုတော့ တခြားဆေးရုံမှာ သွားပြရမယ့်သဘောပေါ့။ အဲဒီမှာက လတိုင်းပြနေကြ” ဟု အဆိုပါဆေး ရုံတွင် သွားရောက်ပြသနေသူ လူနာရှင်တစ် ဦးက ပြောကြားသည်။

ယခုနှစ်အစပိုင်းတွင်လည်း မြောက်ဒဂုံ မြို့နယ်ရှိ ပင်လုံဆေးရုံမှာ ဖေဖော်ဝါရီနှင့် မတ်လများက ယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံ ဆေးရုံမှာ ပုံမှန်ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent