ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် UEC  ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားရောက် 

ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် UEC  ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားရောက် 
Published 13 March 2024

ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မတ် ၁၂ ရက်က ရုရှားနိုင်ငံသို့ သွား ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မော် စကိုမြို့တွင်ကျင်းပမည့်  International Scientific and Practical Conference သို့ တက်ရောက်ရန်လည်းရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာခြင်းနှင့်  International Scientific and Practical Conference  သို့ တက်ရောက်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရွေး ကောက်ပွဲကျင်းပပုံနည်းစနစ်များ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအသုံးပြုဆောင်ရွက်နေမှုများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်များ၊ အတွေ့အကြုံ မျှဝေခွင့်များ ရရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရုရှားနိုင်ငံသို့ သွားရောက်မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent