တောင်သူ လယ်သမား မျိုးဆက်သစ်များက လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် စိတ်ပါဝင်စားလာစေရန်အတွက် လယ်ယာကဏ္ဍစီမံကိန်းများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း တစညပါတီဥက္ကဋ္ဌ ပြောကြား

တောင်သူ လယ်သမား မျိုးဆက်သစ်များက လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် စိတ်ပါဝင်စားလာစေရန်အတွက် လယ်ယာကဏ္ဍစီမံကိန်းများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း တစညပါတီဥက္ကဋ္ဌ ပြောကြား
Published 2 March 2024

တောင်သူလယ်သမားမျိုးဆက်သစ်များက လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် စိတ် ပါဝင်စားလာစေရန်အတွက် လယ်ယာကဏ္ဍစီမံကိန်းများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်၌ မတ် ၂ ရက်က ပြုလုပ်သော တောင်သူလယ်သမားနေ့အထိမ်း အမှတ်အခမ်းအနားတွင် အခမ်းအနားသို့ ပေး ပို့သည့် ပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် အထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာလုပ်သားရှားပါးခြင်းနှင့် ငွေ ကြေးရင်းနှီးမြှုပ်နှံမှု အခက်အခဲတို့ကြောင့် တောင်သူလယ်သမား အများစုမှာ စပါးကြဲခင်း များဖြင့်သာ စိုက်ပျိုးလာကြရာတွင် စပါးအ ထွက်နှုန်းများ တဖြည်းဖြည်း လျော့နည်းကျ ဆင်းလာကြောင်း၊ အကျိုးဆက်အားဖြင့် နိုင်ငံ ခြားသို့ ဆန်တင်ပို့ရောင်းချနိုင်မှု လျော့ကျကာ နိုင်ငံခြားဝင်ငွေ လျော့နည်းသွားမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုး မှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် မှီခိုအားထား နေရပြီး လယ်ယာကဏ္ဍသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအ တွက်ပါ အရေးပါလျက်ရှိပါကြောင်း၊ ထို့ကြောင့်

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဦးမော့ လာစေရေးနှင့် တောင်သူလယ်သမားမျိုးဆက် သစ်များက လယ်ယာကုန်ထုတ်လုပ်ငန်းများ တွင် စိတ်ပါဝင်စားလာစေရန်အတွက် နိုင်ငံ တော်က လယ်ယာကဏ္ဍစီမံကိန်းများကို အ လေးထားဆောင်ရွက်ပေးရန် လိုအပ်နေပါ ကြောင်း ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက သဝဏ်လွှာ တွင် ပြောကြားထားသည်။

ထို့ပြင် တောင်သူလယ်သမားများ မိမိတို့ ၏ လုပ်ငန်းများကို ငွေကြေးအရင်းအနှီးလုံ လောက်စွာ စိတ်ပါလက်ပါ လုပ်ကိုင်နိုင်စေရန် စပါး၊ ပဲ၊ နှမ်း အစရှိသည့် သီးနှံများ၏ အခြေခံ ရည်ညွှန်းစျေးနှုန်းများကို သီးနှံမစိုက်ပျိုးမီကာ လတွင် ကြိုတင်သတ်မှတ်ပေးပြီး စိုက်ပျိုးစရိတ် ချေးငွေကို နှစ်လတ်ချေးငွေစနစ်သို့ ပြောင်း လဲချေးပေးခြင်းဖြင့် ဖြစ်စေ၊ ဥပဒေအရ ခွင့်ပြု ထားသော လယ်ယာမြေများ ပေါင်နှံခွင့်ရရှိ အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဖြစ်စေ၊ လယ် ယာထုတ်ကုန် သမဝါယမအသင်းများကို နိုင်ငံ တစ်ဝန်းလုံး တိုးချဲ့ဖွဲ့စည်းကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှတစ်ဆင့် ချေးငွေ သို့မဟုတ် စိုက်ပျိုးရေး သွင်းအားစုများ နှင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို ထောက်ပ့့့ံခြင်းဖြင့် ဖြစ်စေ ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း ၎င်းက ပြောကြားထား သည်။

ဆက်လက်ပြီး ဦးဟန်ရွှေက သဝဏ်လွှာ တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ရှိခြင်း၊ လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိ ဘဲ အိုးအိမ်တိုက်တာများ ဆောက်လုပ်နေထိုင် ခြင်း၊ စီးပွားရေး အဆောက်အဦများ ဆောက် လုပ်အသုံးပြုခြင်း၊ ငါးမွေးမြူရေးကန်များ တူးဖော်မွေးမြူခြင်းအစရှိသည်တို့ကြောင့် လယ် ယာစိုက်ဧကများ လျော့နည်းသွားခြင်းအား ထိန်းသိမ်းစောင့်ရှောက်ရန်အထူးလိုအပ်နေ ပါကြောင်း ပြောကြားထားသည်။

စားရေရိက္ခာဖူလုံရေးအတွက် လုပ် ဆောင်ပေးကြသည့် တောင်သူလယ်သမားများ  မှာ ရင်းနှီးမြှုပ်နှံရန် ငွေကြေး မပြည့်စုံသော ကြောင့် ငွေရှင်ကြေးရှင်များထံမှ အတိုးကြီးစွာ ပေး၍သုံးစွဲနေကြရသဖြင့် များစွာ နစ်နာလျက် ရှိကြောင်း၊ ထို့ပြင် လုပ်သားရှားပါးမှုရှိနေခြင်း၊ လုပ်အားခများ စျေးမြင့်လာခြင်း၊ စိုက်ပျိုးရေး သွင်းအားစုများ စျေးကြီးလာခြင်းတို့ကြောင့် တောင်သူလယ်သမားများမှာ လုပ်ငန်းခွင့်တွင် ရင်တမမဖြင့် လုပ်ကိုင်နေကြရကြောင်း ပါတီ ဥက္ကဋ္ဌက သဝဏ်လွှာတွင် ပြောကြားထားသည်။

၂၀၀၀ ပြည့်နှစ်လွန်များမှစ၍ ဖောက်ပြန် လာသော ရာသီဥတုကြောင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအထွက်နှုန်းများ လျော့ကျလာခဲ့ပြီး လူနှင့် ကျွဲနွားတိရစ္ဆာန်များပါ သေကြေပျက်စီးသည်အထိ တွေ့ကြုံခဲ့ရသော တောင်သူလယ်သမားများမှာ အေ<ကးနွံနစ်ကာ လူမှုစီးပွားရေးဘဝ နိမ့်ပါးလာကြကြောင်း၊ ထို့ ကြောင့် ကျေးလက်နေ တောင်သူလယ်သမား မျိုးဆက်သစ်လူငယ်များသည် လယ်ယာစိုက် ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စွန့်ခွာ၍ ပြည်တွင်းရှိ မြို့ကြီးပြကြီးများသို့ လည်းကောင်း၊ ပြည်ပနိုင်ငံများသို့ လည်းကောင်း ပြောင်းရွှေ့ လုပ်ကိုင်လာကြသဖြင့် လယ်ယာလုပ်သားရှား ပါးပြီး လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိ ကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

Most Read

Most Recent