မြဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမြဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမီးလောင်ပျက်စီးမှုများရှိလာ

မြဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမြဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမီးလောင်ပျက်စီးမှုများရှိလာ
Published 10 April 2024

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် ဧပြီ ၉ ရက် ည ပိုင်းမှစတင်၍ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေ ပြီး အရပ်သားသေဆုံးမှုနှင့် နေအိမ် မီးလောင် ပျက်စီးမှုများရှိလာကြောင်း ဒေသခံများထံမှ  သတင်းရရှိသည်။

ဧပြီ ၉ ရက် ညပိုင်းက အေးသုခကျေးရွာ ထဲသို့  လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိခဲ့ပြီး ဗုံးဆန်ထိမှန် သဖြင့် စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းရှိ ကားဂိတ်နှင့် စျေးဆိုင်အချို့ မီးလောင်ကျွမ်းခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“မနေ့  (ဧပြီ ၉ ရက်) ညနေကတည်းက ဗုံးဆန်တွေ မြေနီကုန်းအနောက်မှာ ကျတယ်။ အေးသုခမှာ ကျတယ်။ လူသေဆုံးတာရှိတယ်။ ညပိုင်းတော့ အဝေးပြေးကားဝင်းမှာ ကျတယ်။ ကားဂိတ်တွေ၊ ဆိုင်ခန်းတွေ မီးလောင်တယ်။ ဒီ (ဧပြီ ၁၀ ရက်) မနက်လည်း တိုက်ပွဲက ပြင်း ထန်နေပါတယ်။ မြေနီကုန်းမီးပွိုင့်အနီးမှာ ဗုံးဆန်ကျတော့ မီးလောင်နေတယ်” ဟု ဒေသ ခံတစ်ဦးက ပြောကြားသည်။

မြေနီကုန်းရပ်ကွက်တွင် နေထိုင်သူတစ် ဦးက “ဗုံးကြောင့် နေအိမ်တွေ မီးလောင်တယ်။ကိုယ့်အိမ်နားမှာ ကျတာ။ ရပ်ကွက်မှာလည်း မီးလောင်နေတော့ ထွက်ပြေးလာခဲ့ရတယ်”ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြဝတီမြို့ တွင် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ ၃၀၀၀ ခန့် စစ်ရှောင်နေကြပြီး မြို့တွင်း၌ စစ် မီးကူးစက်မလာရေး၊ စစ်မဲ့ဇုန်သတ်မှတ်ပေး ရေးတို့အတွက် စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံ အင်အားစုများက ဧပြီ ၉ ရက်က ဆန္ဒ ထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

“မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ် တော့ ဒေသခံတွေက မြဝတီမြို့ပေါ်ကို စစ် ဘေးလာရှောင်နေကြတယ်။  အခု မြဝတီမြို့ မှာပါ တိုက်ပွဲတွေဆက်ဖြစ်နေရင် စစ်ဘေး ရှောင်တွေရော၊ မြို့ခံတွေပါ ပြေးစရာနေရာ မရှိတော့ဘူး။ အဲဒီတော့ မြဝတီမြို့ပေါ်မှာ တော့ တိုက်ပွဲတွေမဖော်ကြဖို့၊ ပစ်ခတ်တာတွေ မလုပ်ကြဖို့ တောင်းဆိုနေရတာဖြစ်ပါတယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောကြားသည်။

ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ စစ်ဘေး ရှောင်လာသူ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ ကော့ကရိတ်မြို့က ပြာကျသွားပြီ။ နေစရာ အိမ်လည်း မရှိတော့ဘူး။ ဒါကြောင့် မြဝတီက အမျိုးတွေဆီလာပြီး စစ်ဘေးရှောင်နေတာပါ။ အခု မြဝတီကလည်း ကော့ကရိတ်၊ သင်္ဃန်းညီ နောင်တို့လိုထပ်ဖြစ်ဦးမယ်ဆိုရင် ကျွန်မတို့ ပြေးစရာနေရာ မရှိတော့ဘူး။ ဒါကြောင့် စစ်ပွဲ တွေမဖြစ်ကြဖို့ နှစ်ဖက်လုံးကိုမေတ္တာရပ်ခံ တောင်းဆိုခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

မြဝတီမြို့၏ မြောက်ဘက်ရှိ တပ်မတော် ၏ ဗျူဟာကုန်းနှင့် တပ်စခန်းများအား ပြီးခဲ့ သည့် မတ် ၇ ရက်မှ စတင်ကာ ပူးပေါင်းတပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ပြီးနောက် ယင်းဒေသအတွင်းရှိ ဒေသခံ ၃၀၀၀ ကျော်မှာ မြဝတီမြို့သို့ လာရောက်ခိုလှုံနေရ ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင် ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။

၎င်းက “မြဝတီမြို့မှာက ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မဲ့ပလဲ့၊ ဝှေ့ရှမ်း၊ ရွှေမြစန္ဒီ၊ မဲ ကနယ်ဘက်က စစ်ဘေးရှောင်ဒေသခံတွေ လည်း ရောက်နေကြတာ။ မြဝတီမြို့မှာက စစ်ရှောင်စခန်း ၂၀ ခန့် ရှိပါတယ်။ အဲဒီအ ပြင်ကို နီးစပ်ရာဆွေမျိုးအိမ်တွေမှာ စစ်ဘေး လာရှောင်နေကြသူတွေလည်းရှိနေပါတယ်”ဟု ပြောကြားသည်။

ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မြဝတီမြို့ အတွင်း၌ ပုံမှန်နီးပါးသွားလာလျက်ရှိကြ သော်လည်း မြဝတီမြို့ အမှတ် (၂၇၅) ခြေလျင် တပ်ရင်းအနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန် လျက်ရှိကြောင်း၊ မြဝတီမြို့ခံအချို့မှာ ထိုင်း နိုင်ငံ မဲဆောက်ဘက်သို့ စစ်ဘေးရှောင်ရန် ထွက်ခွာနေကြကြောင်း သိရသည်။

Most Read

Most Recent