(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြမည့် စစ်ရေးပြစစ်ကြောင်းများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြမည့် စစ်ရေးပြစစ်ကြောင်းများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်
မတ် ၂၂ ရက်က စစ်ကြောင်းများ ဝတ်စုံပြည့်လေ့ကျင့်နေမှုကို နစက ဒုတိယဥက္ကဋ္ဌ သွားရောက် ကြည့်ရှုစဉ်။ - Photo: CINCDS ၊ MWD
မတ် ၂၂ ရက်က စစ်ကြောင်းများ ဝတ်စုံပြည့်လေ့ကျင့်နေမှုကို နစက ဒုတိယဥက္ကဋ္ဌ သွားရောက် ကြည့်ရှုစဉ်။ - Photo: CINCDS ၊ MWD
Published 23 March 2024

၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျ ရောက်မည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက် စစ် ရေးပြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် မတ် ၂၂ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေး ပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြ လေ့ကျင့်မှုများ ဆောင်ရွက်မှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွား ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ရေးပြလေ့ကျင့်မှုတွင် အနော် ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ် ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလ စစ် ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းများ ပါ ဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေး ပြကွင်းသို့ တပ်မတော် စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှု နှင့်အတူစစ်ချီသီချင်းများသီဆို၍ ချီတက်ပြီး စစ်ရေးပြအခမ်းအနား အစီ အစဉ် အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ရေ၊လေ) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုး သမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူးတပ်ဖွဲ့ ဝင်များ၊ တပ်မတော် (လေ)မှ လေယာဉ်၊ ရ ဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

ထိုသို့လေ့ကျင့်နေမှုကို နစကဒုတိယ ဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင် စန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ နေ ပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ် ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent