၂၀၂၄ ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲတြင္ ေျဖဆိုရန္ စာရင္းေပးသြင္းသူ ၁၄၆၅၂၃ ဦးရွိသည့္အနက္ ပထမေန႔ျမန္မာစာလာေရာက္ေျဖဆိုသူ ၁၂၈၈၀၁ ဦးရွိ

၂၀၂၄ ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲတြင္ ေျဖဆိုရန္ စာရင္းေပးသြင္းသူ ၁၄၆၅၂၃ ဦးရွိသည့္အနက္ ပထမေန႔ျမန္မာစာလာေရာက္ေျဖဆိုသူ ၁၂၈၈၀၁ ဦးရွိ
Published 11 March 2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆၅၂၃ ဦးရှိသည့်အနက် ပထမနေ့မြန်မာစာလာရောက်ဖြေဆိုသူ ၁၂၈၈၀၁ ဦးရှိကြောင်း မတ် ၁၁ ရက်ညပိုင်း MRTV  သတင်းကြေညာချက်အရ သိရသည်။

ယနေ့(မတ် ၁၁ ရက်) တွင် စတင်ဖြေဆိုခဲ့သည့် ယင်းတက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ်ပညာရေး၏ ပထမဆုံးစာမေးပွဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ ခု၊  စာစစ်ဌာနစုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၁၄၆၅၂၃ ဦးရှိပြီး မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၂၈၈၀၁ ဦး၊ ပျက်ကွက်သူ ၁၇၇၂၂ ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent