ငွေလဲနှုန်း ကွာဟချက်ကျဉ်းမြောင်းစေရန်၊ ငွေလဲနှုန်းအတက်/အကျထိန်းကျောင်းနိုင်ရန် ဒေါ်လာ၊ ဘတ်နှင့်ယွမ်တို့ကို နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဗဟိုဘဏ်က လိုအပ်သလို ရောင်းဝယ်မည်ဟု ထုတ်ပြန်

ငွေလဲနှုန်း ကွာဟချက်ကျဉ်းမြောင်းစေရန်၊ ငွေလဲနှုန်းအတက်/အကျထိန်းကျောင်းနိုင်ရန် ဒေါ်လာ၊ ဘတ်နှင့်ယွမ်တို့ကို နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဗဟိုဘဏ်က လိုအပ်သလို ရောင်းဝယ်မည်ဟု ထုတ်ပြန်
Published 6 March 2024

ငွေလဲနှုန်း ကွာဟချက်ကျဉ်းမြောင်းစေ ရန် ငွေလဲနှုန်းအတက်/အကျထိန်းကျောင်း နိုင်ရန် ဒေါ်လာ၊ ဘတ်နှင့်ယွမ်တို့အား နိုင်ငံ ခြားငွေကြေးစျေးကွက်တွင် ဗဟိုဘဏ်က လို အပ်သလိုရောင်းဝယ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်အား ၂၀၁၃ မတ် လတွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံခြားငွေ ကြေးစျေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပံ့ပိုးထိန်းကျောင်း ပေးခဲ့သဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍  နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ရောင်း ဝယ်မှုပမာ ဏတဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဘဏ် အချင်းချင်းရောင်းဝယ်မှုနှင့် ဘဏ်နှင့် customer များအကြား ရောင်းဝယ်မှုဟူ၍ နှစ် ပိုင်းရှိသည်။ AD လိုင်စင်ရဘဏ်များမှ နိုင်ငံ ခြားငွေကြေးစျေးကွက်အတွင်း ရောင်းဝယ်မှု ပမာဏကို electronic reporting systems – ERS မှတစ်ဆင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် သို့ နေ့စဉ်လေးကြိမ်ပေးပို့ပြီး ဗဟိုဘဏ်မှ လည်း နိုင်ငံခြား ငွေကြေးစျေးကွက်တွင်ရောင်း ဝယ်မှုအခြေအနေအား website တွင် လွှင့် တင်၍ အများပြည်သူသို့ အသိပေးကြေညာ လျက်ရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအပေါ်သက်ရောက် လျက်ရှိသော ပြည်ပကုန်သွယ်ဖက်နိုင်ငံများ ၏ ကုန်သွယ်မှုအခြေအနေ၊ ပြည်ပပို့ကုန်/ သွင်းကုန်အခြေအနေ၊ မေခရိုစီးပွားရေးကိန်း ရှင်များဖြစ်သည့် ပြည်တွင်းလှည့်လည်သုံးစွဲ ငွေ၊ ကုန်သွယ်မှုမှ စီးဝင်ငွေ/စီးထွက်ငွေ၊ ကုန်သွယ်မှုမဟုတ်သောကဏ္ဍများမှ စီးဝင်/ စီးထွက်ငွေ၊ ဘတ်ဂျက်လိုငွေ၊ စုစုပေါင်းငွေ ကြေးပမာဏတို့ကို အသုံးပြု၍ ရှိသင့်သည့်ငွေလဲလှယ်နှုန်းဘောင်အတွင်းရှိ နေစေရန် Marketing Trading Rate အား ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။ ပြင်ပ အဝေးစျေး ငွေလဲလှယ်နှုန်းများသည် စျေးကစားလိုသူများ မှ ၎င်းင်းတို့အကျိုးအမြတ်ကိုသာ ရှေးရှု၍ သတ် မှတ်ခြင်းဖြစ်ပြီး တစ်ခါတရံ ကောလာဟလ များကြောင့်နိုင်ငံခြားငွေလိုအပ်ချက်များ မြင့် တက်ရာမှတစ်ဆင့်ဖြစ်သင့်သည့် ငွေလဲလှယ် နှုန်းထက်မြင့်မားခြင်းနှင့် အတက်/အကျလွန် စွာမြင့်မားခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ပို့ကုန်လုပ်ငန်းရှင်များအပါအဝင် နိုင်ငံခြားဝင်ငွေရှိသူများအတွက် လုပ်သာ ကိုင်သာဖြစ်စေရန် ပို့ကုန်များ ပိုမိုဝင်ရောက် စေရန်နှင့်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန် အတွက် ငွေလဲလှယ်နှုန်းစနစ်များကို စျေး ကွက်အခြေခံငွေလဲလှယ်နှုန်းစ နစ်တစ်ရပ် ဖြစ်သည့် ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေ လဲလှယ်နှုန်းစနစ်တစ်ရပ် (Managed Floating Exchange Rate Regime) အား online trading တွင် ရောင်းချလျက်ရှိသည်။

ထိုသို့ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေ လဲလှယ်နှုန်းစနစ်အားကျင့်သုံးခြင်းသည် ငွေ လဲလှယ်နှုန်းများအကြား ကွာဟချက် ကျဉ်း မြောင်းစေရန် ငွေလဲလှယ်နှုန်းပြောင်းလဲမှုအတက်/အကျလွန်စွာမြင့်မားမှုမရှိစေရန် လိုအပ်သလို ထိန်းကျောင်းသွားသည့်စနစ် တစ်ရပ်ဖြစ်သည်။

ထိုသို့ထိန်းကျောင်းနိုင်ရန် နိုင်ငံခြားငွေ များဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ထိုင်း ဘတ်နှင့် တရုတ်ယွမ်တို့အား နိုင်ငံခြားငွေ ကြေးစျေးကွက်တွင် လိုအပ်သလို ဝင်ရောက် ရောင်းဝယ်ခြင်း intervention ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ၂၀၂၄ ခုနှစ် မတ် ၅ ရက်က ထုတ်ပြန် ထားသည်။

Most Read

Most Recent