သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာတင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် ယာဉ်မောင်းနှင့် လူနာတို့ ဒဏ်ရာများရရှိ

သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာတင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် ယာဉ်မောင်းနှင့် လူနာတို့ ဒဏ်ရာများရရှိ
(ဓာတ်ပုံ-အကြင်နာတွဲလက် လူမှုကယ်ဆယ်ရေး အသင်း)
(ဓာတ်ပုံ-အကြင်နာတွဲလက် လူမှုကယ်ဆယ်ရေး အသင်း)
Published 28 March 2024

သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင်  မတ် ၂၇ ရက်ည ၁၀ နာရီခွဲ အချိန်ခန့်က လူနာတင်ယာဉ်တစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များ ဖြင့်ပစ်ခတ်ခံခဲ့ရသည့်အတွက် ယာဉ်မောင်း ဖြစ်သူနှင့် လူနာဖြစ်သူတို့ ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရ သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ငယ် များဖြင့်ပစ်ခတ်ခံခဲ့ရသည့် လူနာတင်ယာဉ် မှာ သထုံမြို့အခြေစိုက် အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ လူနာတင် ယာဉ် ဖြစ်ကြောင်းနှင့် သထုံမြို့မှ ရန်ကုန်မြို့ သို့လူနာပို့ဆောင်ရန်သွားရောက်စဉ် အခင်း ဖြစ်ပွားရာ ကမာဆိုင်ကျေးရွာ ၊ ကွက်သစ် အနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် လက်နက်ကိုင်များ၏ တိုက်ခိုက်ခြင်းခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲခံခဲ့ရသည့် လူနာတင်ယာဉ် မှာလည်း ကားရှေ့လေကာမှန်ကြီးပျက်စီး သွားပြီး အရှေ့ နှင့် အနောက် ကားညာဘက် ခြမ်း ကားဘီးများ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ ရပြီး ပျက်စီးခဲ့သည့်အပြင် ကားရေတိုင်ကီ လည်း ကားဘော်ဒီမှာလည်း ထိခိုက်ပျက်စီး မှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြော ကြားသည်။

၎င်းကဆက်လက်ပြီး “လူနာတင်ယာဉ် ပေါ်မှာ လူနာအပါအဝင် ခြောက်ဦးလိုက်ပါ လာ တယ်လို့ သိရတယ်။ ယာဉ်မောင်းဖြစ်သူ မှာ က  တင်ပါး နဲ့ မျက်နှာမှာ ကျည်ရှပ်ထိဒဏ် ရာနဲ့ ဘယ်ဘက်ရင်အုံနဲ့မေးစေ့အောက် နား မှာမိုင်းစထိမှန်ဒဏ်ရာရသွားတယ်။ လူနာ မှာလည်း ဒူးခေါင်းမှာ မိုင်းစရှပ်မှန်တဲ့ဒဏ်ရာ ထပ်ရသွားတယ်” ဟု ပြောကြားသည်။

လူနာတင်ယာဉ် မိုင်းဆွဲခံရပြီး လက် နက်ငယ်ဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်မှ ထိ ခိုက်ဒဏ်ရာရရှိခဲ့သူ လူနာတင်ယာဉ်၊ ယာဉ် မောင်းဖြစ်သူ နှင့် လူနာဖြစ်သူတို့မှာ သထုံ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း လူနာတင်ယာဉ် များလည်း မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်ဖြစ် စဉ်များလေ့ရှိရာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၆ ရက်၊ မွန်းတည့်ချိန်၌ ကျိုက်ထိုမြို့နယ် သိမ် ဇရပ်မြို့အခြေစိုက် လိုရာဖြည့် ပရဟိတ အဖွဲ့ပိုင် အုပ်ချုပ်မှုယာဉ်မှာ သိမ်ဇရပ်မြို့၊ ကျောက်ကလပ်ရပ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီး တွင်ရှော့တိုက်မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ထို့အတူ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက် ည ၁၀ နာရီအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာအခြေစိုက် စစ်တောင်း နာရေး ကူညီမှုအသင်းမှ လူနာတင်ယာဉ်မှာ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး ရန် ကုန် - မော်လမြိုင်ကားလမ်းတွင် လက်နက် ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် အ တွက် အသင်းသားတစ်ဦး သေဆုံးကာ တစ် ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။

အလားတူ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်းအချိန်ကလည်း ရေးမြို့အခြေစိုက် အောင်မင်္ဂလာနာရေး ကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ လူ နာတင်ယာဉ်မှာသံဖြူဇရပ်မြို့နယ် ပိန္နဲ တော ကျေးရွာအနီး မော်လမြိုင် - ရေးကားလမ်း တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး လူနာတင် ယာဉ် ပျက်စီးခဲ့ကာ ယာဉ်မောင်းတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်၂၀၂၃ခုနှစ် သြ ဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန်ကလည်း ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန် ကုန် - မော်လမြိုင်ကားလမ်းတွင် ကျိုက်ထို မြို့၊ တောင်တန်းမေတ္တာ လူမှုကူညီရေးအ သင်း မှ လူနာတင်ယာဉ်အား လက်နက်ကိုင် များက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့် အ တွက် လူနာအမျိုးသမီး၏ ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရ သည်။

ဘိုဘိုမြင့်

Most Read

Most Recent