ဗန်းမော်ခရိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ကလေးနှစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိ

ဗန်းမော်ခရိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ကလေးနှစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိ
Published 27 March 2024

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် တပ်မတော်စခန်းများကို KIA, PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ က လေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မင်းဂျမ်း ကျေးရွာတွင် မတ် ၂၅ ရက် နံနက်အစောပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေး ငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူညီခဲ့သူ များက ဆိုသည်။

မင်းဂျမ်းရွာအတွင်းသို့ မတ် ၂၅ ရက်က လက်နက်ကြီးကျည် ကျရောက်လာသည့်အ ချိန်ထွက်ပြေးရန် ပြင်ဆင်နေစဉ် လက်နက် ကြီးကျည်ပေါက်ကွဲမှုကြောင့် မိသားစုတစ်စု တည်းမှ ၁၀ နှစ်အောက် ယောကျ်ားလေး တစ်ဦးနှင့် ၁၀ နှစ်ကျော် မိန်းကလေးငယ်တစ် ဦး  လက်နက်ကြီးစထိမှန်ဒဏ်ရာနှင့် ပြတ်ရှ ဒဏ်ရာများရရှိသည်ကိုတွေ့ရပြီး အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်း ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသ ခံတစ်ဦးက ဆိုသည်။

“ပြေးချိန်မရတာ။ ရွာသားတွေက အ များစုက ဟိုဘက်ရွာ ဒီဘက်ရွာ ပြေးနေကြ တာ။ ကလေးနှစ်ယောက်တော့ ဆေးရုံရောက် တယ်။ သေဆုံးသူကို ရွာတင် မြှုပ်နှံထားခဲ့ တော့တာ”ဟု အဆိုပါ ဒေသခံတစ်ဦးက ပြော ကြားသည်။

ထို့ပြင် မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှ အဘိုး အဘွားနှစ်ဦးကိုလည်း လက်နက်ကြီးဒဏ်ရာ ရရှိှုကြောင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ထားရကြောင်း ကူညီခဲ့သူများက ပြော ကြားသည်။

မတ် ၂၁ ရက်ကလည်း မိုးမောက်မြို့နယ် ဟင်းသာရွာတွင် လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲသဖြင့် မင်းဂျမ်းကျေးရွာမှ လာရောက်စစ်ရှောင်နေသည့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၃၀ ခန့်မှ စစ်ဘေးရှောင် သုံး ထောင်နီးပါး ဗန်းမော်မြို့တွင် ခိုလှုံနေကြရ ဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent