မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် အာဆီယံ အပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ဆက်လက်ရပ်တည်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် အာဆီယံ အပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ဆက်လက်ရပ်တည်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား
Published 20 March 2024

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် အာဆီယံအပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟာ့ခ်က ပြောကြားသည်။

မတ် ၁၈ ရက်က ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံ ဆိုင်ရာ ထုတ်ပြန်ချက်တွင် အထက်ပါအ ချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အခြေအနေများ ပိုမိုဆိုးရွားခြင်းနှင့် ပဋိပက္ခများ ပိုမိုပြင်းထန် လာနေခြင်းတို့နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ် နေဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုအားလုံး ကို ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ ကူ ညီရေးလုပ်သားများအပါအဝင် အရပ်သား ပြည်သူများကို အကာအကွယ်ပေးရေး၊ အ ပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးလမ်းကြောင်းတို့အတွက် ထပ်မံတောင်း ဆိုကြောင်း ဖာရန်ဟာ့ခ်က ဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေ ဖြင့် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးလာသူ များအား လက်ခံသည့် နိုင်ငံများနှင့် တာဝန် မျှဝေယူခြင်း၊ ဒေသတွင်း ဒုက္ခသည်များ အ ကာအကွယ်ပေးရေး ကြိုးပမ်းမှုများကို ပိုမို အားကောင်းအောင် ဆောင်ရွက်ခြင်းတို့ အပါအဝင် မြန်မာနိုင်ငံ၏ အကျပ်အတည်း ကို ဒေသတွင်းနှင့် နိုင်ငံတကာမှ စဉ်ဆက် မပြတ် အာရုံစိုက်ကြရန်အတွက် တောင်းဆို ကြောင်း၊ မြန်မာနိုင်ငံတွင်း စနစ်တကျ ခွဲခြား ဆက်ဆံမှုများ အခြေခံအကြောင်းရင်းများ ကို ကိုင်တွယ်ခြင်းနှင့် နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုး‌ဖောက်မှုများအတွက် တာ ဝန်ခံမှုရှိစေခြင်းတို့သည် ယင်းအကျပ်အ တည်းကို ရေရှည်ဖြေရှင်းနိုင်မည့် အဓိကအ ချက်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင် ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent