ကိုဗစ်ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် သတိပေး

ကိုဗစ်ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် သတိပေး
ရန်ကုန်မြို့တွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေသည်ကို  တွေ့ရစဉ်
ရန်ကုန်မြို့တွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေသည်ကို တွေ့ရစဉ်
Published 7 March 2024

ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်သည်။

အဆိုပါ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်တွင် အရေးကြီး ကုန်စည်များအဖြစ် သတ်မှတ်ထားသည်။

ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် အဆိုပါအရေးကြီး ကုန်ပစ္စည်းများကို စျေးကွက်အတွင်း စျေးနှုန်းမြင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ယင်းသို့ ရည်ရွယ်ချက်များ၊ စျေးမြင့်တင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် အသိပေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent