PR စနစ်ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားမျိုးနွယ်စုပါတီငယ်များ၏ ကိုယ်စားလှယ်များ လွှတ်တော်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ လေလွင့်ဆုံးရှုံးမှု လျော့ပါးမည်ဖြစ်ကြောင်း     UEC ဥက္ကဋ္ဌ ပြောကြား

PR စနစ်ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားမျိုးနွယ်စုပါတီငယ်များ၏ ကိုယ်စားလှယ်များ လွှတ်တော်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ လေလွင့်ဆုံးရှုံးမှု လျော့ပါးမည်ဖြစ်ကြောင်း     UEC ဥက္ကဋ္ဌ ပြောကြား
Published 7 March 2024

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားမျိုးနွယ်စုပါတီငယ် များ၏ ကိုယ်စားလှယ်များ လွှတ်တော်သို့ ဝင် ရောက်နိုင်သည့်အခွင့်အရေး ရရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ဆန္ဒ၊ အခွင့်အရေးလည်း ပိုမို ရရှိကာ ဆန္ဒမဲများ လေလွင့်ဆုံးရှုံးမှု လျော့ပါး မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC)  ဥက္ကဋ္ဌ ဦးကိုကိုက ပြော ကြားသည်။

ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် က ဖွင့်လှစ်သည့် ဦးစီးအရာရှိများ လုပ်ငန်း ခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားအရာရှိများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဝန်ထမ်းများအား အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ မတ် ၆ ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် UEC ဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပါတီစုံဒီမိုကရေစီစနစ်ကျင့် သုံးခြင်းဖြစ်သည့်အတွက် လွှတ်တော်တွင်း ပါတီအများစုမှ ကိုယ်စားလှယ်များ ပါဝင်မှ သာ နိုင်ငံ့အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးခြင်းဖြင့် FPTP စနစ်၏ အားနည်းချက်များကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ တစ် ပါတီ လွှမ်းမိုးကြီးစိုးမှုမရှိဘဲ ပါတီများအနေဖြင့် ရွေးကောက်ပွဲတွင်ရရှိသည့် ဆန္ဒမဲအချိုးအရ ကိုယ်စားလှယ်များရရှိပြီး လွှတ်တော်တွင်း ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုပါတီငယ်များ၏ ကိုယ်စားလှယ်များ လည်း လွှတ်တော်သို့ဝင်ရောက်နိုင်သည့် အ ခွင့်အရေး ရရှိမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ ၏ဆန္ဒ၊ အခွင့်အရေးလည်း ပိုမိုရရှိပြီး ဆန္ဒမဲ များ အလဟဿ လေလွင့်ဆုံးရှုံးမှုလျော့ပါး မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အချိုးကျကိုယ် စားပြုစနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံရှိကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး အကြိမ်အဖြစ် PR စနစ် ကျင့်သုံးမည်ဖြစ်ရာ ဝန်ထမ်းအားလုံးသည် အဆိုပါစနစ်နှင့် ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေရန် လို အပ်သည့်အတွက် ထပ်ကာထပ်ကာ အကြိမ် ကြိမ် ဖတ်ရှုလေ့လာ လေ့ကျင့်မှ လက်တွေ့ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လွယ်ကူမည် ဖြစ်ကြောင်း၊ ယနေ့ပို့ချချက်များနှင့် စပ်လျဉ်း ပြီး သင်တန်းသားများအပါအဝင် ဝန်ထမ်းများ အားလုံးအနေဖြင့် အလေးအနက်ထား လေ့ လာမှတ်သားပြီးနောက် ရွေးကောက်ပွဲတိုင် သည်အထိ အကြိမ်ကြိမ်လေ့ကျင့်နေရန် လိုအပ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ power point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ သင်တန်းသားများနှင့် ဝန်ထမ်းများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent