အမေရိကန်တွင် ယာယီ အကာကွယ်ခံ အခြေအနေ TPS ဖြင့် နေထိုင်သော မြန်မာနိုင်ငံသားများကို နောက်ထပ် ၁၈ လ သက်တမ်းတိုးခွင့်ပြုသည်ဟု အမိမြေလုံခြုံရေး ဝန်ကြီးက ထုတ်ပြန်

အမေရိကန်တွင် ယာယီ အကာကွယ်ခံ အခြေအနေ TPS ဖြင့် နေထိုင်သော မြန်မာနိုင်ငံသားများကို နောက်ထပ် ၁၈ လ သက်တမ်းတိုးခွင့်ပြုသည်ဟု အမိမြေလုံခြုံရေး ဝန်ကြီးက ထုတ်ပြန်
Published 24 March 2024

မြန်မာနိုင်ငံသားများ ဘေးကင်းစွာ ပြန်လာနိုင်ရေးကို အဟန့်အတားဖြစ်စေသော မြန်မာနိုင်ငံက ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အ‌ခြေအနေများနှင့် ယာယီအခြေအနေများကြောင့် ၂၀၂၄ ခုနှစ် မေ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်အထိ ၁၈ လကြာ ယာယီ အကာအကွယ်ခံအခြေအနေတစ်ရပ်အဖြစ် မြန်မာအတွက် ယာယီအကာကွယ်ခံ အခြေအနေ(TPS)ကို သက်တမ်းတိုးခြင်းနှင့် ပြန်လည်မှတ်ပုံတင်ခြင်းတို့ကို အမိမြေလုံခြုံရေးဝန်ကြီး အလီဂျန်ဒရိုမာယော်ကက်စ်က မတ် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သက်ဆိုင်ရာ ဖက်ဒရယ်မှတ်ပုံတင်ဌာန၏သတိပေးကြေညာချက်တွင် မြန်မာ၏သက်တမ်းတိုးခြင်းနှင့် ပြန်လည်မှတ်ပုံတင်ခြင်းဟူသော ခေါင်းစဉ်အောက် ၌ TPS အတွက် ပထမဆုံး လျှောက်ထားသူအသစ် သို့မဟုတ် လတ်တလော အကျိုးခံးစားခွင့်ရှိသူအဖြစ် မည်သို့မည်ပုံ မှတ်ပုံတင်ရမလဲဆိုသည်ကို ဖော်ပြထားသည်။

မြန်မာ၏ TPS သတ်မှတ်မှုကို အထောက်အကူပေးသော အ‌ခြေအနေများသည်ဆောင်ရွက်ဆဲ အနေအထားဖြစ်နေသောကြောင့် ၁၈ လ သက်တမ်းတိုးခြင်းနှင့် ပြန်လည်မှတ်ပုံတင်ခြင်းတို့ကို ခွင့်ပြုသည်ဟု ဝန်ကြီး မာယော်ကက်စ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဆုံးဖြတ်ရာတွင် ဝန်ကြီးသည် မိတ်ဖက်ဌာနများနှင့် တိုင်ပင်ခဲ့သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပဋိပက္ခများ နေရာအနှံ့တွင်ဖြစ်ပေါ်နေခြင်း‌က မြန်မာပြည်သူများကို သိသာထင်ရှားသော အန္တရာယ်များ ဆက်လက်ကျရောက်စေခဲ့သည်ဟု ဆိုသည်။

 မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖန်တီးမှု၊ ကျန်မားရေး စောက်ရှောက်မှုကို အလှမ်းမီမှု၊ စီးပွားရေး တည်ငြိမ်မှုတို့တွင် စိန်ခေါ်မှုများကိုလည်း ဆက်လက်ရင်ဆိုင်နေရသည်ဟု ဆိုသည်။

TPS သတ်မှတ်ကာလအတွင်း ‌ကျောင်းသားဗီဇာဖြင့် အမေရိကန်ကိုရောက်နေသော မြန်မာ ကျောင်းသားများသည် အလုပ်အကိုင် မှတ်ပုံတင်ခြင်း၊ ကျောင်းတက်ရင်း အလုပ်လုပ်ချိန်တိုးမြှင့်ခြင်း၊ စာသင်ချိန် လျှော့ချခြင်းတို့ အတွက် အထူးကျောင်းသား သက်သာခွင့်ကြေညာချက်ကို တစ်ပါတည်း ထုတ်ပြန်သည်ဟု ဆိုသည်။

မြန်မာအတွက် TPS သက်တမ်းတိုးခြင်းသည် TPS အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ ဆက်လက်ပြည့်မီသူများ ဖြစ်မည်ဆိုပါက လတ်တလောအကျိုးခံစားခွင့်ရှိသူ ၂,၃၀၀ နီးပါးသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်အထိ TPS ကို ဆက်လက် ထိန်းထားခွင့်ရှိမည်ဖြစ်သည်။

Ref:Homeland Security

Photo - AP,ABC

Most Read

Most Recent