မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၂၀၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၂၀၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်
Published 18 April 2024

ဧပြီ(၁၇) ရက်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၂၀၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အမျိုးသား (၉၅) ဦး၊ အမျိုးသမီး (၂၅) ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အမျိုးသား(၃၃)ဦး၊ အမျိုးသမီး(၁၁)ဦး၊ သထုံမြို့နယ်အတွင်းရှိ ဈေးမသွယ်အကျဉ်းထောင်မှ အမျိုးသားလေးဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ အင်္ဂဘိုရော်ဘာစိုက်/မွေးစခန်းမှ အမျိုးသားရှစ်ဦး၊  မုပ္ပလင်(အမျိုးသား) ကုန်ထုတ်စခန်းမှသုံးဦး ၊ မုပ္ပလင်(အမျိုးသမီး)ကုန်ထုတ်စခန်းမှ ငါးဦး၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အမျိုးသား သုံးဦး၊ ၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အမျိုးသား (၁၁) ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ အမျိုးသား ခြောက်ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်း၊အကျဉ်းသား (၁၆၃) ဦး၊ အကျဉ်းသူ (၄၁) ဦး၊ စုစုပေါင်း (၂၀၄) ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသူများတွင် ပုဒ်မ - ၅၀၅ နှင့် ပုဒ်မ - ၅၀၅ နှင့် အခြားအမှုတွဲ (၄) ဦးသာပါဝင်လာခဲ့ကြောင်း အကျဉ်းထောင် နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျိုက်မရောဗဟိုအကျဉ်းထောင်က ပုဒ်မ - ၅၀၅ နဲ့ အကျဉ်းကျခံနေရတဲ့ အမျိုးသမီးတစ်ဦး၊ ပုဒ်မ - ၅၀၅ နဲ့ အခြားအမှုတွဲ အမျိုးသမီး နှစ်ဦးနဲ့ သထုံ ဈေးမသွယ်အကျဉ်းထောင်က ပုဒ်မ - ၅၀၅  နဲ့ အခြားအမှုတွဲ အမျိုးသားတစ်ဦး ပါဝင်လာတာမျိုးတွေ့ရတယ် ဟု ပြောကြားသည်။

အခြားပြန်လည်လွတ်မြောက်လာကြသူများတွင် တပ်မတော်အက်၊ ရဲစည်းကမ်းနှင့် အခြားပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများ ပါဝင်ကြောင်းလည်း ၎င်းကဆိုသည်။

 

Photo Credit - SBM

Most Read

Most Recent