ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ နေ့စဉ်နီးပါး ဖမ်းဆီး ခံနေရပြီး တစ်ပတ်အတွင်း ၈၅ ဦးအထိ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ နေ့စဉ်နီးပါး ဖမ်းဆီး ခံနေရပြီး တစ်ပတ်အတွင်း ၈၅ ဦးအထိ ဖမ်းဆီးခံရ
Photo - Thai News
Photo - Thai News
Published 20 March 2024
Photo - Thai News

ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မြန်မာ-ထိုင်း နယ်စပ် ဘုရားသုံးဆူ -ကန်ချနဘူရီ လမ်းမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြသည့် မြန်မာ လုပ်သားများ နေ့စဉ်နီးပါး ဖမ်းဆီခံနေရပြီး တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၈၅ ဦးထိ ရှိ ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်ထောဖာဖူမြို့ ချလယ်ကျေးရွာ အနီးတွင် မတ်လ ၁၉ ရက် နံနက် ၁နာရီ ခန့်က တရားမဝင်မြန်မာအလုပ်သမား ၂၁ ဦး နှင့်အတူ  ဦးဆောင်ခေါ်လာသူ ၂ ဦးတို့ကို ဒေသခံအာဏာပိုင်များက ဖမျးဆီးခဲ့ကွောငျးသိရသညျ။

ဖမ်းဆီးခံမြန်မာ နိုင်ငံသားများကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်ရန် စံခလဘူရီ ရဲစခန်းသို့လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူ နယ်စပ်မှ အထောက်အထားမဲ့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၉ ဦးကိုလည်း မတ်လ ၁၅ ရက်နေ့က ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ ပလန်(င်)ဖေ(လ်) ကျေးရွာအုပ်စု ဘန့်ကျုံအွန့်အိမ်ယာအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ဒေသခံအာဏာပိုင် လုံခြုံရေး ပူးပေါင်းအဖွဲ့ထံ ဖမ်းဆီးခံရသူများမြန်မာအလုပ်သမားများမှာအမျိုးသား ၂၀   ဦးနှင့်အမျိုးသမီး၉ ဦးတို့ဖြစ်ကြောင်းသိရသည်။

ကန်ကျနဘူရီခရိုင် ထောဖာဖူမြို့နယ်တွင်မတ်လ ၁၂ ရက်နှင့် မတ်လ ၁၃ ရက် တို့ တွင်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသည့်မြန်မာလုပ်သား  ၃၅ ဦးတို့ကို ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့  နံနက် ၈ နာရီအချိန်ခန့် က  ကန်ကျနဘူရီခရိုင် ထောဖာဖူမြို့ ထာ့ခနွန် အုပ်စု ၂ အနီး ကားတစီးပေါ်တွင်တရားမဝင်နယ်စပ် ဖြတ်ကျော် မြန်မာလုပ်သား အမျိုးသား ၁၇ ဦး၊အမျိုးသမီး ၅ဦး ကို  ဒေသခံအာဏာပိုင်များက ဖမ်းဆီမိကြောင်းသိရသည်။

ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် ် ပွဲစားခ တဦးလျင်ဘတ်ငွေ ၁၃၀၀၀ မှ ၁၅၀၀၀ အထိပေးကြရသည်ဟုဆိုသည်။

 ထို့ပြင်  မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်ကလည်း  ထောဖာဖူမြို့နယ် ထာ့စဟကော်နိခုမ်ကျေးရွာအုပ်စု စဖန်လောင်ဝ် ရွာအနီးတဝိုက်တွင်  တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးတို့ကိထိုင်းတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း ၄င််းတို့ကို ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

 

Most Read

Most Recent