ကသာမြို့တွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ခုနှစ်လုံး မီးလောင်ဆုံးရှုံး

ကသာမြို့တွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ခုနှစ်လုံး မီးလောင်ဆုံးရှုံး
Published 17 March 2024

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ ရပ်ကွက်(၁)တွင်  မတ် ၁၆ ရက် ညနေပိုင်းက နေအိမ် ခုနှစ် လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မတ် ၁၆ ရက်  ညနေ ၄ နာရီခွဲတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ကသာမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

"ပျဉ်အိမ်တွေက စလောင်တာ။ပျဉ်အိမ်တွေတော့ ပြာကျသွားတယ်။သုံးထပ်တိုက်နှစ်ခုကတော့ မီး ဟပ်သွားတယ်ဗျ။ အားလုံး ၇ လုံးထိတယ်။ အဝတ်အစားပါ မရတဲ့ အိမ်တွေရှိတယ်။ လူညီလို့ မဟုတ်ရင် ဒီထက်လောင်နိုင်သေးတယ်"ဟု မီးငြိမ်းရာတွင် ပါဝင်သူကဆိုသည်။

မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းနေပြီး ဂက်(စ်)အိုး ပေါက်ကွဲခြင်းနှင့် အမှိုက်မီးရှို့ရာမှ စတင်လောင်ကျွမ်းသည်ဟု  ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။

 

 

Most Read

Most Recent