ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော် လေဆိပ်များ၏ လေကြောင်းခရီးစဉ်များကို ယာယီပိတ်သိမ်းထားကြောင်း သိရ

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော် လေဆိပ်များ၏ လေကြောင်းခရီးစဉ်များကို ယာယီပိတ်သိမ်းထားကြောင်း သိရ
Published 9 March 2024

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော် လေဆိပ်များ၏ လေကြောင်းခရီးစဉ်များကို ယာယီပိတ်သိမ်းထားကြောင်း ခရီးသွားလုပ် ငန်းအေဂျင်စီများနှင့် လေယာဉ်လက်မှတ်အ ရောင်းကိုယ်စားလှယ်အချို့ထံမှ သိရသည်။

မတ် ၉ ရက် နံနက်ပိုင်းမှစတင်ကာ မြစ်ကြီးနားလေဆိပ်ကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ရန်ကုန်မှ မြစ်ကြီးနားသို့ သွားရောက်မည့် ခရီးသည်အချို့ မင်္ဂလာဒုံလေဆိပ်တွင် စောင့် ဆိုင်းနေစဉ် ပြန်လာခဲ့ရကြောင်း သိရသည်။

“လေဆိပ်ပိတ်လိုက်တယ်ဆိုလို့ ခရီးစဉ် ကို မသွားဘဲနဲ့ ပြန်လာခဲ့ရတယ်။ လက်မှတ် ကိစ္စတော့ မေးကြည့်ရဦးမယ်” ဟု ရန်ကုန်မှ မြစ်ကြီးနားသို့ သွားရောက်မည့်ခရီးသည်တစ် ဦးက ပြောကြားသည်။

အလားတူ မန္တလေးမှ မြစ်ကြီးနားသို့သွား ရောက်မည့်ခရီးသည်များလည်း လေဆိပ်မှ ပြန်လှည့်လာခဲ့ရကြောင်း မန္တလေးမြို့ခံအချို့ က ပြောကြားသည်။

ခရီးစဉ်များကို မတ် ၉ ရက်နံနက်မှစပြီး ခေတ္တရပ်နားထားပြီး လေယာဉ်လက်မှတ် ရောင်းချခြင်းကို ယာယီရပ်နားထားရသည်ဟု မြစ်ကြီးနားမြို့ရှိ လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။

“ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး။ လော လောဆယ်တော့ လေယာဉ်လက်မှတ်တွေ လည်းအရောင်းပိတ်ထားပါတယ်” ဟု မြစ်ကြီး နားမြို့မှ လေယာဉ်လက်မှတ်အရောင်းကိုယ် စားလှယ်တစ်ဦးက ပြောကြားသည်။

အလားတူ ဗန်းမော်လေဆိပ်ကိုလည်း မတ် ၇ ရက်မှ စတင်ကာ ခေတ္တယာယီပိတ်ထား သည်ဟု လေယာဉ်လက်မှတ်အရောင်းကိုယ် စားလှယ်အချို့ထံမှ သိရသည်။

မြစ်ကြီးနားလေဆိပ်နှင့် ဗန်းမော်လေ ဆိပ်တို့၏ အနီးပတ်ဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲအချို့ ဖြစ်ပွားနေသဖြင့် လေဆိပ်များ ကိုယာယီပိတ်ထားခြင်းဖြစ်သည်ဟု ကချင် ပြည်နယ်သို့ ပြေးဆွဲလျက်ရှိသည့် လေကြောင်း လိုင်းအချို့ထံမှ သိရသည်။

“လေဆိပ်ဘက်ကို မေးကြည့်တာတော့ တိုက်ပွဲဖြစ်တာတွေ ရှိနေလို့ ခေတ္တပိတ်ထား တာလို့ သိရတယ်။ ဘယ်အချိန်ပြန်ဖွင့်မလဲဆို တာ မသိရသေးပါဘူး” ဟု ပြည်တွင်းလေ ကြောင်းလိုင်းတစ်ခုမှ သိရသည်။

အချို့လေကြောင်းလိုင်းများမှာ ကချင် ပြည်နယ် ဗန်းမော်နှင့် ပူတာအို လေဆိပ်များသို့  မြစ်ကြီးနားလေဆိပ်မှတစ်ဆင့် ထပ်မံပျံသန်း ခြင်းဖြစ်သည်။

မြစ်ကြီးနားသို့ အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း MAI နှင့် မန်းရတနာပုံ လေကြောင်းလိုင်းက နေ့စဉ်ပျံသန်းလျက်ရှိပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လည်း ပျံသန်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent