မြောက်ဒဂုံ ဘေလီတံတားအဆင်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်

မြောက်ဒဂုံ ဘေလီတံတားအဆင်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်
Photo:MFSD
Photo:MFSD
Published 25 April 2024

မြောက်ဒဂုံ ဘေလီတံတားအဆင်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၅ ရက် ည ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၃ရပ်ကွက် ဘေလီတံတားအဆင်းတွင် ယာဉ်မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ထားသည့် ဓာတ်ပုံတွင် မီးလောင်မှုကြောင့် မော်တော်ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးခဲ့သည်ကို တွေ့ရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent