ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန် အတိုးနှုန်းမြှင့်တင်ခြင်းထက် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးမြှင့်တင်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းနည်းလမ်းတို့ ဆောင်ရွက်လျက်ရှိ

ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန် အတိုးနှုန်းမြှင့်တင်ခြင်းထက် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးမြှင့်တင်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းနည်းလမ်းတို့ ဆောင်ရွက်လျက်ရှိ
Published 4 May 2024

ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရန် အတိုးနှုန်းမြှင့်တင်ခြင်းထက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား မြှင့်တင်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းနည်းလမ်းတို့ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် မေ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက် ထိန်းချုပ်နိုင်ရန် နိုင်ငံ၏စီးပွားရေးတိုးတက်မှု နှုန်းအခြေအနေ၊ ငွေကြေးပမာဏအခြေအနေ၊ ဘဏ်များ၏ ချေးငွေနှင့် ဂျီဒီပီအချိုး၊ အိမ်ထောင်စုကြွေးမြီနှင့် ဂျီဒီပီအချိုးစသည့် အခြေအနေများအား စိစစ်သုံးသပ်လျက်နိုင်ငံ ၏စီးပွားရေးတိုးတက်မှုကို ရည်မှန်းချက်အတိုင်းရရှိနိုင်ရန်အတွက် ငွေကြေးမူဝါဒနည်းလမ်းများအနက်မှ အတိုးနှုန်းမြှင့်တင်ခြင်းနည်းလမ်းထက်ဘဏ်များက မြန်မာကျပ်ငွေ ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား မြှင့်တင်ခြင်းနှင့်ပျမ်းမျှ ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်း (Interest on Excess Reserve-IOER)နည်းလမ်းတို့အား ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ဘဏ်များ၏အပ်ငွေနှင့် ချေးငွေများတိုးမြင့်လာသော်လည်း ပြည်တွင်းလှည့်လည်သုံးစွဲငွေနှင့် စုစုပေါင်းငွေကြေးပမာဏတိုးတက်မှုကိုထိန်းကျောင်းရန်နှင့် ငွေကြေးဖောင်းပွမှုဖိအားလျှော့ချနိုင်ရန် အ နည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ဒသမ ၇၅ ရာခိုင်နှုန်း သို့တိုးမြှင့်ခြင်းနှင့် ပျမ်းမျှပိုလျှံ သီးသန့်ငွေပေါ်ပေးသည့်အတိုးနှုန်း (Interest on Excess Reserve-IOER) အား လက်ရှိ ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၃ဒသမ ၈ ရာခိုင်နှုန်းသို့မြှင့်တင်ခြင်းတို့ကို ၂၀၂၄ ခုနှစ် မေလမှစ၍ ဆောင် ရွက်သွားမည်ဖြစ်သည်။ ထိုသို့ပျမ်းမျှပိုလျှံ သီးသန့်ငွေပေါ်ပေးသည့်အတိုးနှုန်း(Interest on Excess Reserve-IOER)အား မြှင့်တင်ပေးခြင်းဖြင့် ဘဏ်များမှ အပ်နှံငွေပေါ်ပေးရသည့် အတိုးစရိတ်အား အထိုက်အလျောက် ပံ့ပိုးပေးနိုင်ပြီး ဘဏ်များ၏စီးပွားရေးကဏ္ဍများသို့  ချေးငွေများပိုမိုထုတ်ချေးနိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ၎င်းအပြင် ဘဏ်များအနေဖြင့် ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေစာရင်းတွင် အပ်နှံငွေများ ပိုမိုထားရှိခြင်းဖြင့် စျေးကွက်အတွင်းရှိ ငွေကြေးများအား သွယ်ဝိုက်နုတ်သိမ်းရာ ရောက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းဖိအားကို လျော့နည်းစေမည်ဖြစ်သည်။

လက်ရှိငွေကြေးဖောင်းပွမှုနှုန်း  အတန်အသင့်မြင့်မားခြင်းမှာ အမေရိကန်နိုင်ငံမှ အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများ၏ငွေကြေးတန် ဖိုးများကျဆင်းလာရာ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ဖက်နိုင်ငံများ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် သွင်းကုန်တန်ဖိုးတွက်ချက်ခြင်းနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်စျေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် သွင်းကုန်စျေးနှုန်းများမြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေများအား စျေးကွက်မှဝယ်ယူဖြည့်တင်းရခြင်းကြောင့် ကုန်စျေးနှုန်းများ မြင့်တက်ခြင်းစသည်တို့ကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ရခြင်း၏ ပြည်တွင်း၊ ပြည်ပအခြေအနေများအား စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာသုံးသပ်လျက်သင့်လျော်သည့် ငွေကြေးမူဝါဒများ ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent