တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း

တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
Published 17 October 2024

တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၃ ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၆ ဒသမ ၈၈၀ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၇၀၀ ကျော်တင်သွင်းခဲ့သည်။ အဆိုပါကာလအတွင်း အာဂျင်တီးနားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၃၃ ဒသမ ၈၃၉ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၆၀၀ ခန့် တင်သွင်းခဲ့သည်။

အဆိုပါကာလအတွင်း အာဂျင်တီးနားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဆိုက်ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှတင်သွင်းခဲ့သည်။

မေ ၁ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၂၇ ဒသမ ၅၀၁ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများတန်ချိန် ၁၄၀၀ ခန့် တင်သွင်းခဲ့သည်။

အဆိုပါကာလအတွင်း သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့သည်။

နယ်စပ်မှ မေ ၁ ရက်မှ ၂၄ ရက်ထိကာလအတွင်း ဒေါ်လာသုညဒသမ ၃၁၃ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၆၀၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀၀ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။   

ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၂၃ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၅၀၀ ခန့် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ပါ ကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့သည်။

Most Read

Most Recent