မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၅ ရက်အတွင်း ဒေါ်လာ ၁၅ သန်းကျော်၊ ယွမ် ၁၂ သန်းကျော်နှင့် ဘတ် ၁၇၃ သန်းကျော် ထုတ်ရောင်းထားသည်။
နိုဝင်ဘာတွင် ရောင်းချမှုအနေဖြင့် နိုဝင်ဘာ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၇၅ ကျပ်ဖြင့် ဒေါ်လာ ၁၅ သန်းကျော်၊ ယွမ် ၁ ဒသမ ၅ သန်းကျော်နှင့် ဘတ်သန်း ၁၀၀ ကျော်၊ နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံခြား ငွေကြေးစျေးကွက် Fx trading platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ယွမ်ခုနစ် သန်းနှင့် ဘတ်သန်း ၂၀ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၆ ရက်တွင် ဒေါ် လာ ၉၀၀၀ နီးပါး၊ ယွမ် ၄၈၉၈၉၉၊ ဘတ် ၁ ဒသမ ၂ သန်းကျော်၊ နိုဝင်ဘာ ၇ ရက်တွင် ဒေါ်လာ ၃၃၄၃၊ ယွမ်နှစ်သန်းကျော်၊ ဘတ် ၂၁ သန်းကျော်၊ နိုဝင်ဘာ ၈ ရက်တွင် ဒေါ် လာ ၃၀၁၅၊ ယွမ်နှစ်သန်းကျော်၊ နိုဝင်ဘာ ၁၁ ရက်တွင် ယွမ်ရှစ်သိန်းကျော်၊ နိုင်ငံခြား ငွေကြေးစျေးကွက် Fx trading platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ဘတ် ၁၅ သန်းရောင်းချပေးမည်ဟု ထုတ်ပြန် ခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်တွင် ဘတ် ၁၄ ဒသမ ၅ သန်း၊ နိုဝင်ဘာ ၁၄ ရက်တွင် ဒေါ်လာ လေး သိန်းနီးပါး ရောင်းချခဲ့သည်။
အောက်တိုဘာလတွင် နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဗဟိုဘဏ်ကဒေါ် လာ၊ ယွမ်၊ ဘတ်ရောင်းချမှုအနေဖြင့် အောက် တိုဘာ ၂ ရက်တွင် ယွမ် ၁ ဒသမ ၂ သန်း ကျော် (၁၂၄၇၉၆၂ ဒသမ ၇၇) နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)၊ အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၃၅၃၅ ကျပ်ဖြင့် ဒေါ်လာရှစ်သိန်းနီးပါး၊ ယွမ် ၁ ဒသမ ၂ သန်း ကျော်နှင့် ဘတ်တစ်သန်းကျော်၊ အောက် တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၃၅၄၃ ကျပ် ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်းကျော်၊ အောက်တိုဘာ ၇ ရက်တွင် ဘတ် ၁၀ သန်းကျော်၊ အောက် တိုဘာ ၉ ရက်တွင် တစ်ယွမ်လျှင် ၅၀၇ ကျပ် နှုန်းဖြင့် ယွမ် ၆ ဒသမ ၆ သိန်းကျော်၊ အောက် တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅ ၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်၊ အောက်တိုဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာခုနစ်သိန်းကျော်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ် ဖြင့် ဒေါ်လာခြောက်သန်းကျော်နှင့် ဘတ် ၁၉၉ သန်းကျော်၊ အောက်တိုဘာ ၂၀ ရက် ထုတ် ပြန်ချက်အရ စက်သုံးဆီနှင့်စားသုံးဆီလုပ် ငန်းရှင်များသို့ ဒေါ်လာ ၃၅ သန်းရောင်းချ မည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၁ ရက် တွင် တစ်ဒေါ်လာ ၃၅၅၆ ကျပ်နှုန်းဖြင့် ဒေါ် လာ ၂ ဒသမ ၂ သန်းကျော်နှင့် ယွမ် ၁ ဒသမ ၅ သန်းကျော်၊ အောက်တိုဘာ ၂၂ ရက်က ဒေါ် လာ ၇ ဒသမ ၅ သန်းကျော်နှင့် ဘတ်သန်း ၁၅၀ နီးပါး၊ အောက်တိုဘာ ၂၃ ရက်က သွင်း ကုန်လုပ်ငန်းရှင်များအား ဘတ်သန်း ၂၀၊ online trading platform တွင် ဒေါ်လာ ၂ ဒသမ ၅၆ သန်းကျော်နှင့် ဘတ် ၁၆ ဒသမ ၅ သန်းကျော်၊ အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်လာတစ်သိန်းကျော်နှင့် ဘတ်ရှစ်သန်း ကျော်၊ အောက်တိုဘာ ၂၅ ရက်တွင် တစ်ဒေါ် လာလျှင် ၃၅၆၈ ကျပ်ဖြင့် ဒေါ်လာသန်း ၂၀၊ ယွမ်ရှစ်သိန်းကျော်၊ ဘတ်နှစ်သိန်းကျော် ထုတ်ရောင်းခဲ့သည်။ အောက်တိုဘာ ၂၈ ရက်တွင် တရုတ်ယွမ်ငါးသန်းနှင့် ထိုင်းဘတ် ၂၅ သန်းရောင်းချမည်ဖြစ်ကြောင်း၊ အောက် တိုဘာ ၂၈ ရက် တွင် ဒေါ်လာ ၁၆ သန်းကျော်၊ ယွမ်တစ်သန်းကျော်နှင့် ဘတ် ၁၈ သန်းကျော်၊ အောက်တိုဘာ ၂၉ ရက်၌ ဒေါ်လာ ၂၇၅၅၀၊ အောက်တိုဘာ ၃၀ ရက်တွင် ဒေါ်လာကိုး သန်းကျော်၊ ယွမ်နှစ်သန်းကျော်နှင့် ဘတ် ၁၅၆ သန်းကျော်၊ အောက်တိုဘာ ၃၁ ရက် တွင် ဒေါ်လာနှစ်သိန်းကျော်၊ ယွမ်ခုနစ်သိန်း ကျော် ရောင်းချခဲ့ကြောင်း ထုတ်ပြန်ထား သည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေး ကွက်အတွင်း စက်တင်ဘာ ၃၀ ရက်တွင် တစ် ဒေါ်လာ ၃၅၂၉ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၆ သန်းကျော်၊ ယွမ် ၁ ဒသမ ၈ သန်းကျော်၊ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၃၅၂ ၈ ကျပ်ဖြင့် ဒေါ်လာ ၈၄၁၇၀၊ စက်တင်ဘာ ၂၆ ရက်တွင် ဒေါ်လာ ၄၀၀၀၀၊ စက်တင်ဘာ ၂၅ ရက်တွင် ဒေါ်လာ ၁၃ သန်းနီးပါးနှင့် ယွမ် ခုနစ်သိန်း ၊ စက်တင်ဘာ ၂၃ ရက်တွင် ဒေါ် လာ ၂၃ သန်းနီးပါး ၊ စက်တင်ဘာ ၂၀ ရက် တွင် ဒေါ်လာ ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ်ရှစ်သိန်း ထုတ်ရောင်းထားသည်။