ဗဟိုဘဏ်က စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ၂၃ သန်းနီးပါး ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်က စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ၂၃ သန်းနီးပါး ထပ်မံထုတ်ရောင်း
Published 24 September 2024

ဗဟိုဘဏ်က စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၂၃ သန်းနီးပါး ထပ်မံထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၂၀ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ်ရှစ်သိန်း ထုတ်ရောင်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading Platform) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၃၀ ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၉ တွင် ဗဟိုဘဏ်က FX Market Online Trading Platform တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော် (၈၅၁၈၀၇၂ ဒသမ ၂၉ )နှင့် ထိုင်းဘတ်နှစ်သန်းကျော် (၂၀၅၂၀၄၇ ဒသမ ၈၇) ထုတ်ရောင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက် FX Market Online Trading Platform တွင် ဘတ် သုံးသန်းကျော် (၃၂၅၄၀၁၇ ဒသမ ၂၇) ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၁၂ ကျပ်ဖြင့် ဒေါ်လာ ၃၀၀၀၀ ထပ်မံထုတ်ရောင်းခဲ့သည်။

စက်တင်ဘာ ၁၆ တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၁၁ ကျပ်ဖြင့် ဒေါ်လာ ငါးသန်းထပ်မံထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၇ ကျပ်ဖြင့် ဒေါ်လာ ၂၃၀၀၀၀၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော် (၁၅၂၄၄၄၇ ဒသမ ၈၄)နှင့် ထိုင်းဘတ် ၉၅၆၉၃၀ ကို စက်တင်ဘာ ၁၃ ရက်က ထပ်မံထုတ်ရောင်းခဲ့သည်။

Most Read

Most Recent